စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒီဇင်ဘာပထမပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခြင်း
၂၀၂၂ခုနှစ် ဒီဇင်ဘာ(၄) ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာ (ရေဆင်း )၌ ဒီဇင်ဘာ စုပေါင်းလမ်းလျှောက်ပွဲ ကို ဒီဇင်ဘာ ပထမပတ် အတွက် ကျင်းပခဲ့ပါသည်။ အဆိုပါ စုပေါင်း လမ်း လျှောက် ပွဲ တွင်စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းနှင့် ဒုတိယညွှန်ကြား ရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ကာယ၊ ဉာဏ ဝန်ထမ်းမိသားစုများပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အဆိုစုပေါင်းလမ်းလျှောက်ပွဲအား စုရပ်ဖြစ်သည့် တောင်သူကြီးရုပ် ရှေ့ မှ ၅.၃၀ အချိန်တွင် စတင် ထွက်ခွာကာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဂိတ်ပေါက်သို့ ရောက်ရှိချိန်တွင်မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး နဝရတ်ခန်းမရှေ့တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်း၍ ပြုလုပ်ခဲ့ကြပါကြောင်းနှင့် တက်ရောက်လာသူများအား ကောက်ညှင်းပေါင်း အကြော်တို့ဖြင့်ဧည့်ခံခဲ့ကြပါကြောင်း သတင်းမှတ်တမ်းဖြစ်ဖော်ပြအပ်ပါသည်။