စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ယာသီးနှံဌာနခွဲ၊ ဆီထွက်သီးနှံ သုတေသနဌာနစုတွင် ပန်းနှမ်းသီးနှံ မျိုးသန့် ထိန်းသိမ်း၊ပွားများခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ယာသီးနှံဌာနခွဲ၊ဆီထွက်သီးနှံ သုတေသနဌာနစုတွင် မြေပဲ၊နှမ်း၊ နေကြာ နှင့်အခြားဆီထွက်သီးနှံများအားသုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့သုတေသနပြုဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ပန်းနှမ်းသီးနှံအားလည်း သုတေသနပြုဆောင်ရွက်လျက်ရှိကာ ဆင်းပန်းနှမ်း-၁ တစ်မျိုးအား ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
ထုတ်ဝေပြီးမျိုးများ၏ မျိုးဗီဇ သန့်စင်မှု ရှိစေရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ခြင်းကြောင့် မျိုးသန့်ထိမ်းသိန်းခြင်းလုပ်ငန်းများ အားဆောင်ရွက်လျက်ရှိရာ သုတေသနဌာနစုတွင် ပန်းနှမ်းသီးနှံ မျိုးသန့် ထိန်းသိမ်း၊ပွားများခြင်းလုပ်ငန်းများအားဆောင်ရွက်လျက်ရှိပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။