စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ သီးနှံသုတေသနခြံများ၏သုတေသန ဆောင်ရွက်နေမှု အ‌ခြေအ‌နေများအားကွင်းဆင်း စစ်ဆေးခြင်း

s3
s5
s7
s2
s8
s4
s9
s10
s11
s1
s3 s5 s7 s2 s8 s4 s9 s10 s11 s1

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း မှ စပါးသီးနှံသုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ မော်မော်သန်း ဦးဆောင်သည့် မန္တလေးတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနလက်အောက်ရှိ ဒေသသုတေသနဗဟိုဌာန (မယ်အောင်ကန်)၊ သုတေသန ခြံများဖြစ်ကြသော ကျောက်ဆည်၊ စီပင်၊မြစ်သား ၊မြင်းခြံ၊ညောင်ဦးနှင့် ကျောက်တံ တားခြံတို့မှ တာဝန်ခံများနှင့် ကျောက်ဆည်ခြံမှ ဝန်ထမ်းများအား  ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ (၂၂)ရက်နေ့ ညနေပိုင်းတွင် ကျောက် ဆည် စိုက်ပျိုးရေးသုတေသနခြံရှိ  ဧည့်ခန်းမ၌ တွေ့ဆုံပြီး သုတေသန ဆောင်ရွက် နေမှုများ အား စစ်ဆေး လမ်းညွှန်မှုများ ပြုခဲ့ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည် ဝင်းမှ လမ်းညွှန် ပြောကြားရာတွင် မိမိသည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ လမ်းညွှန်မိန့်မှတ်ချက်အရ လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဒုတိယဝန်ကြီး နှင့်အတူ တက်ရောက် ခဲ့သော နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ အစည်းအဝေး  တွင် ဆွေးနွေးခဲ့ကြသော အချက် အလက်များအရ မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနဘက်မှ ဆောင်ရွက်ရန် ရှိသည့် ကိစ္စများကို ပြောကြား လိုပါကြောင်း၊ နိုင်ငံ့စီးပွားရေးကို စိုက်ပျိုးရေးဖြင့် မြှင့်တင်ပေးရမည်ဖြစ်ရာ တောင်သူ များအား ယခင်က စိုက်ပျိုးရေးဘဏ်မှ ချေးငွေထုတ်ပေးသကဲ့သို့ တောင်သူများအရင်းအနှီးရရှိအောင် ချေးငွေများ ထောက် ပံ့ပေး မည်ဖြစ်ရာ တောင်သူများတွင် သွင်း အားစုနှင့် မျိုးများစုဆောင်းထားမှု ရှိနေမည်ဖြစ်သော်လည်း မျိုးကောင်းမျိုးသန့်များ ရရှိရေးသည် အရေးကြီးလာပြီး ထိုကဲ့သို့ မျိုးကောင်း မျိုးသန့်ရရှိရေးမှာ မိမိတို့၏ တာဝန် ဖြစ်သည့်အတွက် မျိုးများ သန့်စင်မှုကို သုတေသနခြံများဘက်မှ တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ကြောင်း။

           လက်ရှိဆောင်ရွက်လျှက်ရှိသော သုတေသနလုပ်ငန်းများအပြင် ပိုးစာနှင့် ကော်ဖီသုတေသန ကို နောင်မွန်သုတေသနခြံတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် သုတေသန ဗဟိုဌာန (၁)ခု၊ သုတေသနခြံ (၆)ခြံနှင့် စားကျက် နှင့် တိရစ္ဆာန် မွေးမြူရေး အစားအစာ ဆိုင်ရာ သုတေသနဌာနစု ()ခုတို့ ရှိပြီး ဝန်ထမ်းအင်အား စုစုပေါင်း (၅၅)ဦးရှိကြောင်း၊ မန္တလေးမြို့နှင့် နီးစပ်မှုရှိသော ခြံတို့မှာ ကျောက်ဆည်၊ မြစ်သားနှင့် ကျောက်တံတားခြံတို့ ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ လုပ်ငန်းများအပြင် Policy Maker များနှင့်လည်း ဆက်သွယ်ဆောင်ရွက် မှုများ ပြုလုပ်ကြရမည်ဖြစ်ပြီး မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်းကို သိရှိစေရန် ခြံသို့ ဖိတ်ခေါ်ပြသရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့် သင့်တော်မည့် မျိုးနှင့် နည်းပညာများရရှိရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မည်သည့်သီးနှံကို ဦးစားပေးဆောင်ရွက်ရမည်ကို အမြဲသိရှိအောင် ကြိုးပမ်း ရမည်ဖြစ်ကြောင်း။ မိမိတို့ခြံ တိုးတက် ကောင်းမွန်အောင်မြင်စေရန် HRD Programs များကို အမြဲမပြတ်ဆောင်ရွက်ရမည်ဖြစ်ပြီး Farmer’s based Research Station များကိုလည်း နှစ်စဉ် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

                တချို့ခြံများတွင် Own Program များဆောင်ရွက်မှု အားနည်း နေသေးပါကြောင်း၊ ရုံးချုပ်မှ ချမှတ်ပေးသော သုတေသနများသာမက မိမိခြံအစီ အစဉ်ဖြင့် ဆောင်ရွက်သော သုတေသနလုပ်ငန်း များကိုပါ ဆောင်ရွက် ကြစေလိုကြောင်း၊ သို့မှသာ သုတေသနရလာဒ် (Achievements)များ ရရှိလာ မည်ဖြစ်ပါ ကြောင်း၊ ယခုအခါ ရာသီဥတု၊ မျိုး၊ စိုက်ချိန်၊ ဈေးကွက်၊ လုပ်သားနှင့် ဈေးနှုန်း အခြေအနေ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုရှိစေမည့်  သုတေသနများအား လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နေကြာသီးနှံ ထုတ်လုပ်မှုတွင်လည်း ဝယ်လိုအား ရှိသည့် ပမာဏအတိုင်း ထုတ်ဝေပေး နိုင်ရန် လိုအပ်ပါကြောင်း။

                အုပ်ချုပ်မှုအပိုင်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများ၏ ဦးဆောင်မှု ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိတို့၏ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် Breeding Strategy များ အားပြောင်းလဲမှုပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် နိဂုံးချုပ်အနေဖြင့် လက်ရှိလုပ်ကိုင်ဆောင်ရွက် လျှက်ရှိကြသော ဝန်ထမ်းများသည် နောင်တစ်ချိန်တွင် ဦးဆောင်မည့် သူများ ဖြစ်ကြသည် နှင့်အညီ ခေါင်းဆောင်ကောင်းများ၊ တာဝန်ယူနိုင်သည့်သူများ ဖြစ်အောင် ကြိုးစားကြပါဟု မှာကြား လမ်းညွှန်ခဲ့ပါသည်။