စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၉) ပြည့်မွေးနေ့မင်္ဂလာအခမ်းအနားကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၉)နှစ်ပြည့် မွေးနေ့ မင်္ဂလာ အခမ်းအနားကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ တွင် ၂၀၂၃ခုနှစ် ဇန်နဝါရီ (၂၇) ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ တက္ကသိုလ်များ မှပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနရုံးချုပ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ တို့မှ သုတေသီနှင့် သုတေသနနအထောက်အကူပြု ဝန်ထမ်းများ (on line, off line) ဖြင့် တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားအနားအားအပိုင်းနှစ်ပိုင်းဖြင့် ကျင်းပခဲ့ရာ ပထမပိုင်းတွင် ဦးစွာပထမ ပြည်ထောင်စုဒုတိယဝန်ကြီးမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(၁၉)နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ အမှတ်တရ ဆုတောင်းစကားများပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ နိုင်ကြည်ဝင်းမှ စိုက်ပျိုးသုတေသနဦးစီးဌာန သုတေသနခရီးလမ်းတွင် ရရှိလာခဲ့ သည့်အောင်မြင်မှုရလဒ်များနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပေးခဲ့ပါသည်။ထို့နောက်တက်ရောက်လာသည့်ဧည့်သည်တော်များအား မွေးနေ့အမှတ်တရ မှတ်တမ်း Video Clip အားပြသ ခဲ့ပြီး ပြည်ထောင်စုဒုတိယဝန်ကြီး ၊ အမြံတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ထူးချွန်ဝန်ထမ်းများအားဆုများ အသီးသီး ချီးမြှင့်ခဲ့ ကြပါသည်။
ဆက်လက်၍ နဝရတ်ခမ်းမအတွင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာန မွေးနေ့ အမှတ်တရပြခန်းတွင် ခင်းကျင်းပြသထားသည့် ၂၀၂၂ခုနှစ်အတွင်း ရှာဖွေဖော်ထုတ်ရရှိခဲ့သည့် မျိုးနှင့် နည်းပညာများ ဒုတိယဝန်ကြီး မှ လိုက်လံကြည့်ရှုခဲ့ကာ သုတေသနဦးစီးဌာန၏ ကြိုးပမ်း ဆောင်ရွက် မှုတစ်ခုချင်းစီ အပေါ် လမ်းညွှန်မှာကြားခြင်းများ၊ အားပေး ဂုဏ်ပြုစကားများ ချီးမြှင့် ပြောကြား ပေးခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်၏ ဒုတိယပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါက်တာမင်းစံသိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ) ဒေါက်တာအောင်မိုးမျိုးတင့်တို့မှ မွေ့နေ့ အမှတ်တရစကားများ အသီးသီးပြောကြားပေးခဲ့ကြပြီး ဖိတ်ကြားထားသည့် အငြိမ်းစား ပညာရှင် ဆရာကြီးများမှလည်း မွေးနေ့အမှတ်ရ စကားများပြောကြားခဲ့ကြပြီး မှတ်သားသင့်သည် တို့အား မျိုးဆက်သစ်များအတွက် စကားလက်ဆောင်များ ပေးဝေခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။