စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ဝါသီးနှံသုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိခြင်း

1
2
3
5
8
9
7
10
13
16
1 2 3 5 8 9 7 10 13 16

စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံနှင့်နှစ်ရှည်ပင်များသုတေသနဌာနခွဲ၊ ဝါနှင့် အမျှင်ထွက် ပင်ဌာနစုတွင် ၂၀၂၂ခုနှစ် မိုးနှောင်းရာသီတွင် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါသီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့သုတေသနပြုဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ စုဆောင်းရရှိလာသည့် မျိုးလိုင်း ပေါင်း(၂၁၈) လိုင်း ၏ မျိုးတစ်မျိုးခြင်း ဆီအလိုက် အရည်အချင်းလက္ခဏာများအား လေ့လာသည့် Germplasm evaluation သုတေသန အား လည်းကောင်း၊ ရည်ရွယ်ချက်အလိုက် မျိုးသစ်များရရှိစေရေးအတွက် မျိုးကူးစပ်ခြင်း(အတွဲ- ၄၂တွဲမျိုးကူးစပ်ခြင်း ) သုတေသန များ အား လည်းကောင်း၊ အရည်အသွေးကောင်း ဝါမျိုးများ မွေးမြူထုတ်လုပ်ခြင်း သုတေသန ဖြစ်သည့် မျိုးကူးစပ်ရရှိလာသည့် မျိုးလိုင်း၁၂လိုင်း အားစံထားမျိုးနှစ်မျိုးဖြင့် နှိုင်းယှဉ် လေ့လာသည့် (RYT) အဆင့် သုတေသနအား လည်းကောင်း၊ စုပ်ပိုးဒဏ်ခံနိုင်သည့် ချဉ်မျှင်ရှည် ဝါမျိုးများ မွေးမြူထုတ်လုပ်ခြင်းသုတေသနဖြစ်သည့် မျိုးကူးစပ်ရရှိလာသည့် မျိုးလိုင်း(၁၃) လိုင်းနှင့် စံထားမျိုးနှစ်မျိုးတို့အားနှုင်းယှည်လေ့လာသည့် (AYTနှင့်RYT) အဆင့် သုတေသန အားလည်းကောင်း၊ ထုတ်ဝေပြီးမျိုးဖြစ်သည့် လိုင်း၆၆ မျိုးအား မျိုးဗီဇ သန့်စင်စေရန် မျိုးသန့်ထိမ်း သိမ်းခြင်းလုပ်ငန်းများ အားလည်းကောင်း၊ သက်လျင် အထွက်ကောင်းမျိုးမွေးမြူရွေးချယ်ခြင်းသုတေသနအားလည်းကောင်း၊လိုင်း ၆၆ မျိုးအား ဂမ်မာရောင်ခြည်နှုန်းထားအမျိုးမျိုးပေး၍ မျိုးထွန်း နည်းဖြင့် မျိုးမွေးမြူ ရွေးချယ်ခြင်းသုတေသနအားလည်းကောင်း

ရေငတ်ဒဏ်ခံနိုင်သော အထွက်ကောင်းမျိုးမွေးမြူရွေးချယ်ခြင်းသုတေသန အားလည်းကောင်း ဝါသီးနှံဖွံ့ဖြိုးတိုးတက် ၍ တောင်သူ့ အကျိုး မျော် ကိုးကာ သုတေသနပြု ဆောင်ရွက်လျက်ရှိပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။