စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ပဲတီစိမ်းသီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း

1
4
IMG_3499
3
IMG_3498
IMG_3500
1a
IMG_3501
2
1 4 IMG_3499 3 IMG_3498 IMG_3500 1a IMG_3501 2

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ကမ္ဘာ့ဟင်း သီးဟင်းရွက်သုတေသနဌာန (World Vegetable Center) တို့ ပူးပေါင်း ဆောင်ရွက်၍ မြန်မာနိုင်ငံတွင် ပဲတီစိမ်း သီးနှံဖွံ့ဖြိုးတိုးတက်ရန်အတွက် အပြည်ပြည် ဆိုင်ရာ ပဲတီစိမ်းဖွံ့ဖြိုး တိုးတက်မှု ကွန်ရက် တည်ထောင်ခြင်း စီမံကိန်းကို သြစတြေးလျ နိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဌာန (ACIAR) ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

အဆိုပါ စီမံကိန်း အစီအစဉ်ဖြင့် World Vegetable Center ပဲတီစိမ်း မျိုးလိုင်း (၂၉၆ လိုင်း) ရရှိခဲ့ပြီး အဝါရောင် မိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသော ပဲတီစိမ်း မျိုးများရှာဖွေခြင်း၊ မြစ်ခြောက်ဆွေး ရောဂါခံနိုင်သော ပဲတီစိမ်း မျိုး များရှာဖွေခြင်း၊ သိုလှောင်ပိုး ခံနိုင်ရည်ရှိသော ပဲတီစိမ်းမျိုးများရှာဖွေခြင်း၊ ၊ Cercospora leaf spot (ရွက်ပြောက်ရောဂါ) ခံနိုင်သော ပဲတီစိမ်းမျိုးများ ရှာဖွေခြင်း စသည့် သုတေသန လုပ်ငန်း များ ဆောင် ရွက် လျက်ရှိပါသည်။ ထို့ပြင် ဖာဉမှို၊ လှေးပိုး၊ ပျပိုး စသည့် ပိုးမွှားရောဂါ များနှင့် အပူဒဏ် နှင့် ဆားငန်ဒဏ် ခံနိုင်သော ပဲတီစိမ်းမျိုးလိုင်းများ ရှာဖွေခြင်း သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပဲတီစိမ်းသီးနှံ ဖွွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိပါသည်။