စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် မတ်ပဲသီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံဌာနခွဲ့၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုတွင် အစားအစာဘေးကင်းလုံခြုံရေးနှင့်အာဟာရ ပြည့်ဝရေး၊ ပြောင်းလဲလာသည့် ရာသီဉတုနှင့် လိုက်လျော ညီထွေရှိစေမည့် သီးနှံမျိုးသစ်များရရှိလာစေရေးအတွက် သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ သုတေသနပြုဆောင်ရွက်လျက်ရှိရာ မတ်ပဲသီးနှံသုတေသနများအနေဖြင့် ပြည်တွင်း စပ်မျိုးလိုင်းများ၊ နိုင်ငံခြားမှတင်သွင်းလာသည့်လိုင်းများနှင့် မျိုးထွန်းမွေးမြူမှရရှိလာသောမျိုးများစုစုပေါင်း (၁၅) မျိုး နှင့် စံထားမျိုးတစ်မျိုးထည့်သွင်းစမ်းသပ်ထားသည့် မြစ်ခြောက်ဆွေး ရောဂါဒဏ် ခံနိုင်သော မတ်ပဲမျိုးများ အထွက်ယှည်ပြိုင်ခြင်းသုတေသနအားလည်းကောင်း၊ Tropical biotechnology limited မှတင်သွင်းသော မျိုး(၄၉)မျိုးနှင့် စံထားမျိုးတစ်မျိုးတို့ပါဝင်သည့် ရာသီမရွေး စိုက်ပျိုးနိုင်သည့် မတ်ပဲမျိုးများ ပဏာမ အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း သုတေသနအားလည်းကောင်း၊ မျိုးသစ်(၈)မျိုးနှင့် စံထားမျိုး တစ်မျိုးပါဝင်သည့် ရာသီမရွေးစိုက်ပျိုးနိုင်သည့် မျိုးများ သရုပ်ပြ နှိုင်းယှဉ် စိုက်ပျိုး ထားခြင်း အား လည်း ကောင်း တောင်သူများ အတွက် အကျိုးအမြတ်များ ရရှိစေမည့် မျိုးသစ်များရရှိစေရေးအတွက် မတ်ပဲသီးနှံ သုတေ သနများ ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။