စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ပဲလွမ်း သီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း

IMG_3512
IMG_3510
IMG_3507
IMG_3505
IMG_3502
IMG_3511
IMG_3504
IMG_3508
IMG_3503
IMG_3506
IMG_3512 IMG_3510 IMG_3507 IMG_3505 IMG_3502 IMG_3511 IMG_3504 IMG_3508 IMG_3503 IMG_3506

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံဌာနခွဲ၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုတွင် အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်းကာ ရာသီဉတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် မျိုးသစ်များရရှိလာစေရေး အတွက်ပဲမျိုးများ အလိုက် သုတေ သနများဆောင်ရွက်လျက်ရှိရာ ပဲလွမ်းသီးနှံသုတေသနများကို လည်း ဆောင်ရွက် လျက်ရှိပါသည်။

ထိုသို့သုတေသနပြုဆောင်ရွက်လျက်ရှိရာ ပဲလွမ်းသီးနှံ သုတေသန များအနေဖြင့် (IITA-International Institute of Tropical Agriculture) မှရရှိခဲ့သည့် မျိုး (၃၄)မျိုးအား ဒေသနှင့်ကိုက်ညီ၍ သက်လျင်အထွက်ကောင်းသော (Super early) ပဲလွမ်းမျိုးများရရှိရန် သုတေသနအားလည်းကောင်း၊ IITA မှရရှိသည့် မျိုး(၃၄)မျိုးအား ဒေသနှင့်ကိုက်ညီ၍ သက်လျင်အထွက်ကောင်းသော (Early) ပဲလွမ်းမျိုးများရရှိရန် သုတေသနအားလည်းကောင်း၊ မျိုး(၂၄)မျိုး ပါဝင်သည့် ဒေသနှင့်ကိုက်ညီ၍ သက်ကြီးအထွက်ကောင်းသော (Late/Dual) ပဲလွမ်းမျိုးများရရှိရန် သုတေသနအားလည်းကောင်း၊ IITA မှရရှိခဲ့သည့် မျိုး (၂၇) မျိုးပါဝင်သော သက်လတ် (Medium) ပဲလွမ်းမျိုးများအား ပဏာမယှဉ်ပြိုင်လေ့လာခြင်း (Observation Trial) သုတေသနအားလည်းကောင်း သုတေသနပြုဆောင်ရွက်လျက်ရှိပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန