စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ ရေအသုံးချသူများအဖွဲ့မှလာရောက်လေ့လာခြင်း

IMG_0495
IMG_0491
IMG_0487
IMG_0527
IMG_0517
IMG_0512
IMG_0520
IMG_0513
IMG_0506
IMG_0526
IMG_0523
IMG_0743
IMG_0585
IMG_0495 IMG_0491 IMG_0487 IMG_0527 IMG_0517 IMG_0512 IMG_0520 IMG_0513 IMG_0506 IMG_0526 IMG_0523 IMG_0743 IMG_0585

၂၀၂၂ခုနှစ်သြဂုတ်လ (၂၈) ရက်နေ့က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဉီးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင် သူ တို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရေအသုံးချသူများ အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဉီးစီးဌာနသို့ လေ့လာရေး လာ ရောက် ခဲ့ပါသည်။

ထိုသို့လေ့လာရေးလာရောက်ခဲ့ရာ စိုက်ပျိုးသုတေသနဦးစီးဌာန၊ ကြံနှင့်သကြား ထွက်သီးနှံ သုတေသန ဌာနစုကွင်းတွင် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဉီးစီးဌာနမှ ရေချွေတာသုံးစွဲနိုင်သည့် နည်းလမ်း တစ်ခု အဖြစ် သရုပ်ပြထားရှိသည့် Rain Gun Irrigation System အသုံးပြု နေမှုများ အားလည်းကောင်း၊Rain Gun Irrigation System နှင့် Solar Pump system ပေါင်းစပ် အသုံးပြုမှုအားလည်းကောင်း၊ Axal Flow System ဖြင့် သရုပ်ပြအသုံးပြု နေမှုအား လည်းကောင်း၊ Surface Solar Pump system အသုံးပြုခြင်းသရုပ် ပြသထားခြင်း အားလည်းကောင်း၊ ရေအသုံးချသူများအဖွဲ့ အဖွဲ့ဝင်တောင်သူများမှ စိတ်ပါဝင်စားစွာ လေ့လာ ခဲ့ကြပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးဆိုင်ရာ သဘာဝ အရင်း အမြစ်များ သုတေသနဌာနခွဲ ရှိ Soil&water museum တွင်ပြသထားသည့် နိုင်ငံ အဝှမ်းမှ နမူနာများ ခင်းကျင်းပြသထားရှိမှုများကိုလည်းကောင်း၊ ရေအသုံး ချရေးသုတေသန ဓာတ်ခွဲ ခန်းနှင့် မြေဆီလွှာသိပ္ပံ သုတေသနဓာတ်ခွဲခန်းတို့တွင် သုတေသန ဆောင်ရွက် နေမှုများနှင့် အသုံးပြုလျက်ရှိသည့် ခေတ်မှီ ဓာတ်ခွဲခန်းသုံးပစ္စည်းများအသုံးချနေမှုများ၊ မြေနမူနာ၊ အပင် နမူနာများအား ဓာတ်ခွဲစစ်ဆေး နေမှုများအား လည်းကောင်းလက်တွေ့ပြသခဲ့ပါသည်။

ထို့နောက် မျိုးစေ့ဘဏ်ခန်းမတွင်တာဝန်ရှိသူများမှနွေးထွေးလှိုက်လှဲစွာကြိုဆိုကြပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာန ၏ သမိုင်းကြောင်း၊ လက်ရှိဆောင်ရွက် လျက်ရှိသော သုတေ သနများ ၊ ရရှိခဲ့ သည့် သုတေသနရလဒ်များကြောင်း မှတ်တမ်းဗီဒီယို ကို ပြသပေးခဲ့ပါသည်။ ဆက်လက်၍ မျိုးစေ့ဘဏ်အတွင်း ခင်းကျင်းပြသထားသည့် နိုင်ငံ အဝှမ်းမှ တိုင်းနှင့်ပြည်နယ် အသီးသီး အလိုက် စုဆောင်း ထိမ်းသိမ်း ထားသည့် စပါးမျိုးများ ခင်းကျင်း ပြသထားမှုများ အားလည်းကောင်း၊ မျိုးစေ့ဘဏ်တွင်း သီးနှံ မျိုးစေ့ များအား အအေးခန်းတွင် ထိမ်းသိမ်း ထားရှိမှု အခြေအနေများ အားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသ ဦးစီးဌာနရှိ သီးနှံနှင့် နည်းပညာ နဌာနစု အသီးသီးတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနများအား ပြသထားသည့် ပြကွက်များနှင့် ထုတ်ဝေပြီးမျိုးနှင့် နည်းပညာများပြခန်းတွင် ပြသထားမှုများ အားလည်း ကောင်း သင်တန်းသားများမှ လိုက်လံကြည့်ရှုလေ့လာခဲ့ကြပါသည်။

ထို့နောက် စိုက်ပျိုးသုတေသနဦးစီးဌာန Farmer Channel သို့သွားရောက်ခဲ့ရာ တာဝန်ရှိသူများမှ စိုက်ပျိုးရေးနှင့်ဆိုင်သည့် သတင်းအချက်အလက်များ တောင်သူများအကြား ပျံ့နှံ့ရောက်ရှိရေး အတွက် Mass Media လူထုဆက်သွယ်ရေးမီဒီယာများဖြစ်သည့် Broadcast media(TV) တွင်ထုတ်လွှင့်ရန် တောင်သူပညာပေးအစီအစဉ်များ ဆောင်ရွက်ထားရှိမှုများ၊ ပုံနှိပ်မီဒီယာတစ်ခုဖြစ်သည့် ထုတ်ဝေထားသည့် သတင်းလွှာများ၊ Digital media ဖြစ်သည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန-Farmer Channel facebook page နှင့်website တို့တွင် စိုက်ပျိုးရေးဆိုင်ရာသတင်းအချက်အလက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှု များကို ရှင်းလင်းပြသရာ တောင်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။