စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းရှိ ကလေးငယ်များအားကျောင်းဝတ်စုံနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်း

IMG_9507
IMG_9490
IMG_9502
IMG_9513
IMG_9504
IMG_9508
IMG_9499
IMG_9494
IMG_9507 IMG_9490 IMG_9502 IMG_9513 IMG_9504 IMG_9508 IMG_9499 IMG_9494

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းအား ၁၉၈၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်းသား သမီး များအတွက် အားထားရာ မူလတန်းကြိုကျောင်းတစ်ခုဖြစ်ပါသည်။ အဆိုပါ မူလတန်း ကြိုကျောင်းကို လူမှုဝန်ထမ်း ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ညွှန်ကြားရေးမှူး ဦးဆောင်သည့် အဖွဲ့ဝင်(၆)ဦးပါဝင်သော မူကြို ကျောင်း ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် ဆရာမ(၂)ဦးမှ ပြုစုသင်ကြားရေးလုပ်ငန်းများကို တာဝန်ယူ ဆောင် ရွက် လျှက်ရှိပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊အမှုထမ်းများနှင့် ကျောင်းသားမိဘများမှ ပူးပေါင်း လျက် ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ပူးပေါင်း ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ (၁၅.၈.၂၀၂၂)နေ့ နံနက်ပိုင်း တွင် မူကြိုတက်ရောက်လျက်ရှိသော ဝန်ထမ်းသား သမီး ကလေးငယ်များ အတွက် နွေးထွေး သော ဝန်းကျင်တွင် စိတ်ပျော်ရွင်စေရေး နှင့် အချင်းချင်း အတူတကွ ချစ်ခင်စွာ နေထိုင် စားသောက်တတ်စေရေး အတွက် ရည်ရွယ်ကာ ကျောင်းတူညီ ဝတ်စုံများနှင့် စားသောက ဖွယ်ရာများပေးအပ်ခဲ့ကာ ကလေးငယ်များ နှင့်အပြန်အလှန်စကားပြောပေးခြင်း၊ အတူတကွ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း များ ဆောင် ရွက် ခဲ့ကြပါကြောင်း သတင်း မှတ်တမ်းအဖြစ် ဖော်ပြ အပ်ပါသည်။

                                                                                              သတင်းစဉ်

                                                                             စိုက်ပျိုးရေးသုတေသနဦးစီးဌာန