စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံ နှင့်နှစ်ရှည်ပင်များဌာနခွဲ စားသောက်ကုန်၊စက်မှုသုတေ သနဌာနစိတ် တွင် ပီလောပီနံ သီးနှံ သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံ နှင့်နှစ်ရှည်ပင်များဌာနခွဲ စားသောက်ကုန်၊စက်မှုသုတေ သနဌာနစိတ် တွင် ပီလောပီနံ သီးနှံ၊ဒန့်သလွန်သီးနှံတို့အားအဓိကသုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့သုတေသနပြုဆောင်ရွက်လျက်ရှိရာ ပီလောပီနံသီးနှံ သုတေများအနေဖြင့် ပီလောပီနံမျိုး များအထွက်ယှဉ်ပြိုင်ခြင်းသုတေသနအားလည်း ကောင်း၊ Urea နှင့် Mopမြေသြဇာနှုန်းထားအမျိုးမျိုးအလိုက် Cassava ၏ အထွက်နှုန်း နှင့်အရည် အသွေးအပေါ် အကျိုးသက်ရောက်မှုကိုလေ့လာသည့် သုတေသနအား လည်းကောင်း ဆောင်ရွက်ထားရှိလျက်ရှိပါသည်။ ထို့အပြင် ရေဆင်း ကလော-၁ မျိုးသန့်ထိမ်းသိန်းခြင်း လုပ်ငန်းများလည်းဆောင်ရွက်လျက်ရှိပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။