စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသားများ နေကြာသီးနှံ သုတေသနလုပ်ငန်းများ လာရောက် လေ့လာသင်ယူလျက်ရှိခြင်း(20.6.22)

DSC08009
DSC08005
DSC08042
DSC08039
DSC08040
DSC08052
DSC08009 DSC08005 DSC08042 DSC08039 DSC08040 DSC08052

နေကြာသီးနှံ သုတေသနလုပ်ငန်းများ လာရောက် လေ့လာသင်ယူလျက်ရှိခြင်း(20.6.22)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးဌာန ရေဆင်းရှိ ယာသီးနှံသုတေသနဌာနခွဲ ၊ ဆီထွက်သီးနှံသုတေသနဌာနစုတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသားများ နေကြာသီးနှံ သုတေသနလုပ်ငန်းများ လာရောက်လေ့လာသင်ယူလျက်ရှိပါသည်။

မွန်ပြည်နယ်၏ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းစေရေးအတွက် ပြည်နယ်အတွင်းရှိ စိုက်ပျိုးပညာပေးဝန်ထမ်းများအား နေကြာမျိုး စေ့ထုတ် လုပ်ငန်း ဆောင်ရွက်မှုနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား လေ့လာနိုင်ရန် ရည်ရွယ်၍ လာရောက်လေ့လာသင်ယူစေခြင်းဖြစ်ပါသည်။

အဆိုပါ လေ့လာရေး လုပ်ငန်းခွင်သင်တန်းတွင် နေကြာသီးနှံ စိုက်ပျိုးနည်းစနစ်များ၊ မျိုးသန့်စနစ်တကျ ထိန်းသိမ်းနည်းများ၊ မျိုးစေ့အဆင့်ဆင့် ပွားများထုတ်လုပ်နည်းများ၊ နေကြာမျိုးများ၏ အရည်အချင်းလက္ခဏာများအား စနစ်တကျ မှတ်တမ်းကောက်ယူခြင်းများ၊ မျိုးကွဲများ စနစ်တကျပယ်နည်းများ၊ စပ်မျိုးနေကြာထုတ်လုပ်နည်းများနှင့် မိဘလိုင်း စနစ်တကျ မျိုးသန့်ထိန်းသိမ်းနည်းများ အစရှိသော သုတေသနလုပ်ငန်းများကို စာတွေ့ လက်တွေ့ လေ့လာသင်ယူရမည် ဖြစ်ပြီး လေ့လာရေး လုပ်ငန်းခွင်သင်တန်း ကာလမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၅)ရက်မှ ဇူလိုင်လ (၁၅)ရက်ထိ (၁) လကြာ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်းကို သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန