စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် နေကြာသီးနှံ သုတေသနလုပ်ငန်းများ လာရောက် လေ့လာသင်ယူလျက်ရှိသည့် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသားများ အား စာတွေ့နှင့်လက်တွေ့ သင်ကြားပေးလျက်ရှိ(4.7.22)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ ယာသီးနှံသုတေသနဌာနခွဲ ၊ ဆီထွက်သီးနှံသုတေသနဌာနစုတွင် နေကြာမျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက်မှုနှင့် သုတေသနလုပ်ငန်းများအား လာရောက် လေ့လာသင်ယူလျက်ရှိ သည့် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသားများအား စာတွေ့လက်တွေ့ သင်ကြား ပေးလျက် ရှိပါသည်။
မွန်ပြည်နယ်၏ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့ ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းစေရေး ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ စိုက်ပျိုး ပညာပေးဝန်ထမ်းများ သည် နေကြာမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်မှုနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား (၁၅.၆.၂၀၂၂) မှ ၁၅.၇.၂၀၂၂ ထိ) လုပ်ငန်းခွင် လက်တွေ့ သင်တန်း တက်ရောက်ရမည်ဖြစ်ရာ ဇူလိုင်(၄)ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ)၊ ဒေါက်တာအောင်မိုးမျိုးတင့်မှ အဆိုပါသင်တန်းသားများအား စိုက်ပျိုးရေး အခြေခံ သဘောတရားများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များ၊ သီးနှံမျိုးများစနစ်တကျ ထုတ်လုပ်ရာတွင် အရေးပါဆုံး အခန်းကဏ္ဍဖြစ်သည့် ရာသီဉတုပြောင်းလဲခြင်းနှင့် ဆက်စပ်သည့် အကြောင်းအရာများ၊ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် တန်ဖိုးမြင့် ထုတ်ကုန်များ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ရမည့် ကွင်းဆက်များ၊ သီးနှံ စိုက်ပျိုးတိုးတက်ရေးအတွက် စီမံချက်များရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်အလက်များနှင့် စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများနှင့် ဆပ်စပ်သည့် သိသင့်သိထိုက်သည်များအား သင်ကြား ပို့ချပေးခဲ့ပါ ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန