စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊ယာသီးနှံဌာနခွဲ၊ ဆီထွက်သီးနှံ ဌာနစုတွင် မြေပဲဖော်စက်ဖြင့် မြေပဲဖော်ခြင်းသရုပ်ပြသခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊ယာသီးနှံဌာနခွဲ၊ ဆီထွက်သီးနှံ ဌာနစုတွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြေပဲဖော် စက် သရုပ်ပြပွဲ အခန်းအနား တစ်ရပ်ကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၄)ရက်နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ်များ၊ ယာသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ၊ ဆီထွက်သီးနှံ သုတေသနဌာနစုတာဝန်ခံ နှင့်သုတေသီ ဝန်ထမ်းများ၊ စက်မှုလယ်ယာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။
အဆိုပါ သရုပ်ပြပွဲအား မြေပဲစိုက်ပျိုးသူတောင်သူများတစ်ဧကကုန်ကျစရိတ်လျှော့ချနိုင်စေရေး ၊အချိန် ကုန်သက်သာစေရေး၊နှင့် တောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရေး ရည်ရွယ်ကာ ကျင်းပ ခဲ့ခြင်း ဖြစ်သည်။
မြေပဲ ဖော်စက်အားအသုံး၍ မြေပဲဖော်မည်ဆိုပါက တစ်ဧကလျှင်ဆီ(၂)ဂါလံသာကုန်ကျမည်ဖြစ်ပြီး (၂ ) နာရီသာ ကြာမြင့်မည်ဖြစ်သောကြောင့် အချိန်တိုအတွင်း ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။