စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပခြင်း
စိုက်ပျိုးရေး သုတေသနဦးစီးဌာန ရေဆင်းတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သဘာဝ ပတ်ဝန်ူး ကျင် ထိန်းသိမ်းရေးအတွက် ၂၀၂၂ ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ(၉) ရက် နံနက် ပိုင်းက ကျင်း ပခဲ့သည်။ အဆိုပါမိုးရာသီ စုပေါင်း သစ်ပင်စိုက်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန် ကြားရေးမှူး များ နှင့် ဌာနစု တာဝန်ခံများ တက်ရောက်ခဲ့ ကြပါသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ ယခုစုပေါင်းစိုက်ပျိုးသည့် သစ်ပင်များ ရှင်သန်ကြီးထွားလာစေရေး ပြုစုစောင့်ရှောက်ရေးအတွက် တာဝန်ခွဲဝေယူမှု အပိုင်း နှင့် ပတ် သက်၍ မှာကြား ခြင်းများ ပြုလုပ်ကာ တက်ရောက်လာသူများမှ စုပေါင်း၍ သစ် ပိတောက်ပင်များနှင့် မဟော်ဂနီ ပင်များ အားပျော်ရွှင်စွာ စိုက်ပျိုးခဲကြပါကြောင်း သတင်း မှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန