စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများလာရောက်လေ့လာခြင်း

IMG_7598
၂
IMG_7602
၃
IMG_7591
IMG_7597
IMG_7603
IMG_7598 ၂ IMG_7602 ၃ IMG_7591 IMG_7597 IMG_7603

 

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများသည် ၂၀၂၂ခုနှစ် ဇူလိုင်လ (၇)ရက် နံနက်ပိုင်း ကလေ့လာရေး လာရောက်လေ့လာကြပါသည်။ ထိုသို့လေ့လာရေးလာရောက်ခဲ့ရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန မှတာဝန်ရှိသူများမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် ကြိုဆိုလက်ခံတွေ့ဆုံပါခဲ့သည်။

အဆိုပါလေ့လာရေးလာရောက်ကြသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိ သူ များ အား စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဗဟိုဌာန၏ စပါးသီးနှံ သုတေသန လုပ် ငန်း များဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြပါသည်။ ထိုသို့ရှင်းလင်း တင်ပြရာ ဆည်ရေ သောက်စပါးမျိုးများ ရွေးချယ် ခြင်း၊ မိုးရေသောက်စပါးမျိုးများရွေးချယ်ခြင်း၊ ရေငတ်ခံ စပါးမျိုးများရွေးချယ်ခြင်း၊ ရေမြုပ်ခံ စပါး မျိုးများရွေးချယ်ခြင်း၊ ဆားငန်ခံစပါးမျိုး များရွေးချယ်ခြင်း၊ အပူဒဏ်ခံ စပါးမျိုးများရွေးချယ်ခြင်း၊ အရည်အသွေး ကောင်းစပါးမျိုး များရွေးချယ်ခြင်း သုတေသန ဆောင်ရွက်ထားရှိမှုများ အားလည်းကောင်း၊ စေျး ကွက်ဝင် အရည်အသွေး ကောင်းသော ထုတ်ဝေပြီး စပါးမျိုးသစ်များနှင့် အလား အလာ ကောင်း စပါးမျိုးသစ်များ အားလည်းကောင်း၊ မိဘစပါးမျိုးများ စိုက်မျိုးထုတ်လုပ်မှု အခြေ အနေများအား လည်းကောင်း တာဝန်ရှိသူတစ်ဦးမှရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဗီဇအချက်အလက် နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန် စပါးမျိုး မွေးမြူရေး ကဏ္ဍအားမြှင့်တင် ခြင်းစီမံကိန်းနှင့်ပတ်သက်၍လည်းကောင်း၊ ဇီဝ နည်း ပညာ ဖြင့် ဖော်ထုတ် ရရှိပြီး ထုတ်ဝေထားသော စပါးမျိုးများနှင့်အလားအလာကောင်းသော စပါးမျိုး သစ် များအားလည်းကောင်း၊ စပါးဇီဝ ဉယျာဉ် ၌ဆောင်ရွက်ခဲ့သည့် စပါးတပင်လုံး အကျိုး ရှိစွာ အသုံးပြုခြင်းနှင့်ဆိုင်သည့် သုတေသန များအား လည်းကောင်း တာဝန်ရှိသူ အသီး သီး မှ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းမှ အမှာစကား ပြောကြားရာ မြန်မာ နိုင်ငံ ဆန်စပါး အသင်း ချုပ်အနေဖြင် စိုက်ပျိုး ရေးသု တေသနဦးစီးဌာနရှိ ဆန်စပါး သုတေသနကို အဓိကထား လာရောက် လေ့လာ ပေးသည့် အတွက် မိမိအနေဖြင့် အထူး ဂုဏ်ယူ ဝမ်း မြောက် မိပါကြောင်း၊ စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ နှင့် လယ်သမား များပါ ပါဝင် ပြီး စနစ်တကျ နမူနာ (တရုတ်/ထိုင်း/ဗီယက်နမ်) တစ်ခုကိုယူကာ ဆောင် ရွက်ခြင်းဖြင့် တိုး တက်မှု လမ်းကြောင်းကိုရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊

မိမိတို့အနေဖြင့် အဆိုပါ နိုင်ငံများ ၏ဆောင်ရွက်ချက်များအပေါ် သင်ခန်းစာရယူ၍ ပြင်ဆင် သင့်သည်များပြင်ဆင်ကာ အောင်မြင် အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဓိက အနေဖြင့် တောင်သူများ ဝင်ငွေ တိုးရန် အကျိုး အမြတ်များအောင် ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ထိုသို့ ဝင်ငွေ တိုးလာခြင်း ဖြင့် တောင်သူ များ၏ လူနေမှုဘဝများ အားမြှင့်တင် ပေးနိုင် မည်ဖြစ်ပါကြောင်း၊ တဘက်မှလည် ပညာရေး၊ ကျန်းမာရေးတွင် အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် သုတေသန ပညာရှင်များ အနေဖြင့်လည်း တောင်သူများ လိုအပ်ချက်များ နှင့် အခက်အခဲ ပြဿနာ များအပေါ် ဖြေရှင်း ပေးနိုင်ရန် စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက် ရမည် ဖြစ်ပါ ကြောင်း၊ စေျးကွက် ပြဿနာများ ဖြေရှင်းပေး နိုင်ရေး အတွက် အထောက်အကူ ပြုစေမည့် စေျးကွက်သုတေသနများ ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ကာ လေ့လာရေး လာရောက်ကြသည့် ဧည့်သည် တော်များ နှင့် မှတ်တမ်း တင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေ သဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည် ဝင်းနှင့် တာဝန်ရှိ သူများမှ မျိုးစေ့ဘဏ်အတွင်း နိုင်ငံအဝှမ်းမှ တိုင်းနှင့်ပြည်နယ် အသီးသီး အလိုက် စုဆောင်း ထိမ်းသိမ်း ထားသည့် စပါးမျိုးများ ခင်းကျင်း ပြသထား မှုများကို ဧည့်သည် တော်များ အားလိုက်လံပြသခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။

သတင်းစဉ်                                                                                                                                                                                                                                                          စိုက်ပျိုးရေးသုတေသနဦးစီးဌာန