Add the code from UR Image Slider
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လူငယ်စိုက် ပျိုးရေးသုတေသီအသင်းတို့ကြီးမှူးကျင်းပသောတတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ (Agricultural Third Conference) ကို ၂၀၂၂ခုနှစ် ဇွန်လ ၂၃ ရက်နှင့်၂၄ ရက်နေ့များတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ နဝရတ်ခန်းမ ၊ အစည်းအဝေးခန်းမ(Auditorium) နှင့် တောင်သူလယ်သမားရုပ်သံခန်းမ(Farmer Channel) တို့တွင် ဘာသာရပ် အသီးသီးအား တပြိုင်နက် ခန်းမခွဲ၍ ကျင်းပဆောင်ရွက်ခဲ့သည်။ စာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရေဆင်း ရှိ စိုက် ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ ၊ စာတမ်းရှင်များ နှင့် လေ့လာသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များရှိ တက္ကသိုလ်များ၊ လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ သုတေသန ခြံများမှ တာဝန်ရှိသူများ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ကြပြီး အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန် အမှာစကား ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က တတိယအကြိမ် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြီး ပထမနေ့စာတမ်း ဖတ်ကြားခြင်းအစီအစဉ်များအား သတ်မှတ်နေရာအသီးသီးတွင် ဖတ်ကြား တင်သွင်း ခဲ့ကြပါသည်။
ဒုတိယနေ့ စာတမ်းဖတ်ပွဲ အစီအစဉ်များကို ဇွန်လ(၂၄) ရက်နေ့တွင် သတ်မှတ်နေရာအသီးသီးတွင် ဆက်လက် ကျင်းပခဲ့ရာ ညနေပိုင်းတွင် Agricultural Third Conference အားအောင်မြင်စွာ ပြီးမြောက်ခဲ့ ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲ အခမ်းအနားအားဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ ပိတ်ပွဲအခမ်းအနားတွင် ဆုရရှိခဲ့ကြသည့် အကောင်းဆုံး ပိုစတာဆုရှင်တစ်ဦးအားလည်းကောင်း၊ အကောင်းဆုံး စာတမ်းဆုရှင်(၅)ဦး အားလည်းကောင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာ မင်းစံသိန်းနှင့် ဒေါက်တာ အောင်မိုးမျိုးတင့်တို့မှ စာတမ်းဖတ်ပွဲအပေါ် သုံးသပ် ဆွေးနွေး တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနား အောင်မြင်စွာပြီးဆုံးခဲ့သည်။
အဆိုပါစာတမ်းဖတ်ပွဲအားနှစ်ရက်တာကျင်းပခဲ့ခြင်းဖြစ်ပြီး နဝရတ်ခန်းမတွင် Technological innovation ၊Genetic and Plant Breeding စာတမ်းများအားလည်းကောင်း၊ အစည်း အဝေးခန်းမ(Auditorium)တွင် Tissue Culture and Animal Nutrition, Entomology and Pathology, Agricultural Economics and Extension , Fisheries စာတမ်းများအားလည်းကောင်း၊ တောင်သူ လယ်သမားရုပ်သံခန်းမ(Farmer Channel) တွင် Soil,Water and Climate , Entomology and Pathology, Agronomy စာတမ်းများအားလည်းကောင်းဖတ်ကြားတင်သွင်းခဲ့ကြသည်။ အဆိုပါစာတမ်း များကို စိုက်ပျိုးရေးသု တေသနဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတ က္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ် တို့မှ စာတမ်းရှင်များက တင်သွင်းခဲ့ကြခြင်းဖြစ်ကာ စာတမ်း အစောင်ရေ (၈၃)စောင် နှင့် ပိုစတာ (၁၃)စောင် ကို ဖတ်ကြားခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။
သတင်းစဉ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန