စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ယာသီးနှံများသုတေသနဌာနခွဲ၊ အခြားနှံစား သီးနှံ သုတေသနဌာနစု၌ ပြောင်းဖူးသီးနှံ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိခြင်း

DSC07899
DSC07916
DSC07920
DSC07923
DSC07948
DSC07950
DSC07899 DSC07916 DSC07920 DSC07923 DSC07948 DSC07950

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ယာသီးနှံများသုတေသနဌာနခွဲ၊ အခြားနှံစား သီးနှံ သုတေသနဌာနစု၌ ပြောင်းဖူးသီးနှံ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက် ရှိပါသည်။ ပြောင်းဖူးသီးနှံ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထွက်နှုန်း မြင့်မားပြီး၊ အရည် အသွေးကောင်းမွန်သော သက်လတ် စပ်မျိုးပြောင်းဖူးမျိုးများ ရရှိရန် ရည်ရွယ်ချက် ဖြင့် သုတေသနပြုဆောင် ရွက်လျက် ရှိပါသည်။ ဒေသ၊ ရေမြေ ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်း နှင့် အရည် အသွေး ကောင်းမွန်သည့် ပြောင်းဖူး သီးနှံမျိုးသစ်များ ရရှိစေရန် အတွက် ပြည်တွင်း ပြည်ပမျိုးများ တင်သွင်း စမ်းသပ်ခြင်း၊ ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်း များရရှိအောင် မျိုးကူးစပ်ခြင်း၊ ဒေသ အလိုက် ဖြစ်ထွန်းမှု ကောင်း သည့်ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်းများရှာဖွေခြင်း၊ ဒေသ အလိုက် ဖြစ်ထွန်းမှု ကောင်း သည့်ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်းများမှအထွေထွေပေါင်းစပ် စွမ်းရည် ကောင်းသော လိုင်းများ ရှာဖွေ ရန်မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း ၊အထွေထွေပေါင်း စပ်စွမ်းရည် ပြောင်းဖူးသီးနှံ ဗီဇ မျိုးသန့် လိုင်းများမအား သီးသန့်ပေါင်းစပ် စွမ်းရည်ကောင်းသော မျိုးများ ရှာဖွေရန် မျိုးကူးစပ်မွေးမြူခြင်း၊  ဒေသအလိုက်ဖြစ်ထွန်းမှု ကောင်းပြီး တောင်သူကြိုက်နှစ်သက်သည့် ပေါင်းစပ် စွမ်းရည်အကောင်းဆုံးမျိုးများအားစပ်မျိုးမျိုးသစ်အဖြစ်ထုတ်ဝေခြင်းစသည့်သုတေသန လုပ်ငန်း စဉ် များ ကို အဆင့်ဆင့် ဆောင်ရွက် လျက် ရှိပါသည်။

ပြောင်းဖူး သီးနှံသုတေသနလုပ် ငန်း များကို ရည်ရွယ်ချက်များအလိုက် နှစ်စဉ်ဆောင် ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၂-၂၀၂၃မိုးရာသီတွင် ပြည်တွင်းပြည်ပမျိုးများတင်သွင်းစမ်းသပ်ခြင်း(၂)ကွက်၊ ဒေသ အလိုက် ဖြစ်ထွန်းမှု ကောင်း သည့်ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်းများမှအထွေထွေပေါင်းစပ် စွမ်းရည် ကောင်းသော လိုင်းများ ရှာဖွေ ရန်မျိုးအထွက် ယှဉ်ပြုင်ခြင်း (၆)ကွက်၊ နှစ်ကြိမ်စပ်စပ်မျိုးများ မျိုးအထွက်ယှဉ်ပြိုင်ခြင်း၊ သုံး လိုင်း စပ် စပ်မျိုးတွဲများ ရရှိရန်အတွက် မျိုးအထွက်ယှဉ်ပြိုင်ခြင်း၊ အသက်လျင်သောမျိုးများရှာဖေွေ ခြင်းသုတေသန၊အလားအလာ ကောင်း သည့် သက်လတ် ပြောင်းဖူး စပ်မျိုး သစ် များ ရရှိ ရန် မျိုး အထွက်ယှဉ်ပြိုင်ခြင်း တို့အား လည်းကောင်းစသည့် သုတေသန လုပ်ငန်းများအားသုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။သုတေသနရလဒ်များအဖြစ် ရေဆင်း စပ်မျိုး (၁၀)၊ ရေဆင်း စပ်မျိုး(၁၁)၊ ရေဆင်းစပ်မျိုး(၁၂)၊ ရေဆင်းစပ်မျိုး(၁၄) ၊ရေဆင်းစားပြောင်း(၁)နှင့် ရေဆင်းစားပြောင်း(၂) မျိုးများအား တောင်သူ့ လက်ဝယ်သို့ ဖြန့်ဝေပြီးဖြစ်ပြီး ၊ အထွက်နှုန်း ကောင်းသည့် စပ်မျိုးပြောင်းမျိုးသစ်များရရှိနိုင်ရန်အတွက် အထူးအလေး ပေးဆောင် ရွက်လျက်ရှိ ပါ ကြောင်း ကို သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန