စိုက်ပျိုးရေးသုတေသနဉီးစီးဌာန အခြားနှံစား သီးနှံဌာနစုတွင် ပြောင်းဖူးသီးနှံ သုတေသနလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိခြင်း
စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ယာသီးနှံများသုတေသနဌာနခွဲ၊ အခြားနှံစား သီးနှံ သုတေသနဌာနစု၌ ပြောင်းဖူးသီးနှံ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက် ရှိပါသည်။ ပြောင်းဖူးသီးနှံ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထွက်နှုန်း မြင့်မားပြီး၊ အရည် အသွေးကောင်းမွန်သော သက်လတ် စပ်မျိုးပြောင်းဖူးမျိုးများ ရရှိရန် ရည်ရွယ်ချက် ဖြင့် သုတေသနပြုဆောင် ရွက်လျက် ရှိပါသည်။ ဒေသ၊ ရေမြေ ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်း နှင့် အရည် အသွေး ကောင်းမွန်သည့် ပြောင်းဖူး သီးနှံမျိုးသစ်များ ရရှိစေရန် အတွက် ပြည်တွင်း ပြည်ပမျိုးများ တင်သွင်း စမ်းသပ်ခြင်း၊ ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်း များရရှိအောင် မျိုးကူးစပ်ခြင်း၊ ဒေသ အလိုက် ဖြစ်ထွန်းမှု ကောင်း သည့်ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်းများရှာဖွေခြင်း၊ ဒေသ အလိုက် ဖြစ်ထွန်းမှု ကောင်း သည့်ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်းများမှအထွေထွေပေါင်းစပ် စွမ်းရည် ကောင်းသော လိုင်းများ ရှာဖွေ ရန်မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း ၊အထွေထွေပေါင်း စပ်စွမ်းရည်ပြောင်းဖူးသီးနှံ ဗီဇ မျိုးသန့် လိုင်းများမအား သီးသန့်ပေါင်းစပ် စွမ်းရည်ကောင်းသော မျိုးများ ရှာဖွေရန် မျိုးကူးစပ်မွေးမြူခြင်း၊ ဒေသအလိုက်ဖြစ်ထွန်းမှုကောင်းပြီးတောင်သူကြိုက်နှစ် သက်သည့်ပေါင်းစပ်စွမ်းရည်အကောင်းဆုံးမျိုးများအားစပ်မျိုးမျိုးသစ်အဖြစ်ထုတ်ဝေခြင်းစသည့်သုတေသန လုပ် ငန်း စဉ်များကို အဆင့်ဆင့် ဆောင်ရွက် လျက် ရှိပါသည်။ ပြောင်းဖူး သီးနှံသုတေသနလုပ် ငန်း များကို ရည်ရွယ်ချက်များအလိုက် နှစ်စဉ်ဆောင် ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၂-၂၀၂၃ မိုးနှောင်းရာသီတွင် ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်း များရရှိအောင် မျိုးကူးစပ်ခြင်းသုတေသနတွင်
အပြည်ပြည်ဆိုင်ရာပြောင်းဖူးနှင့်ဂျုံသုတေသနဌာန(CIMMYT) မှ ပေးပို့သော ဗီဇမျိုးသန့်လိုင်း(၁၁၇)လိုင်း၊သားဆက်-၇(၄၀)လိုင်း၊သားဆက်-၆(၂၀)လိုင်း၊သားဆက်-၃(၂၀၀)လိုင်း၊သားဆက်-၃ (Composite Line Selection Method)(၂၉၃)လိုင်း၊သားဆက်-၂(၄၅၃)လိုင်း၊သားဆက်-၁(၂၉၃)လိုင်းစိုက်ပျိုးထားရှိပြီး၊ Tester-C7 နှင့် YZCI-16-038 တို့ အသုံးပြု၍ ဒေသ အလိုက် ဖြစ်ထွန်းမှု ကောင်း သည့်ပြောင်းဖူးသီးနှံဗီဇ မျိုးသန့် လိုင်း( ၅၃) လိုင်းအား အထွေထွေပေါင်းစပ် စွမ်းရည် ကောင်းသော လိုင်းများ ရှာဖွေ ခြင်းသုတေသန နှင့် အလားအလာကောင်းသောမျိုးများနှင့် ထုတ်ဝေပြီးမျိုးများစိုက်ပျိုးပြသခြင်း စသည့်သုတေသနလုပ်ငန်းများအားဆောင်ရွက်လျက်ရှိပါသည်။သုတေသနရလဒ်များအဖြစ် ရေဆင်းစပ်မျိုး(၁၀)၊ ရေဆင်း စပ်မျိုး(၁၁)၊ ရေဆင်းစပ်မျိုး(၁၂)၊ ရေဆင်းစပ်မျိုး(၁၄) ၊ရေဆင်းစားပြောင်း(၁)နှင့် ရေဆင်းစားပြောင်း(၂) မျိုးများအား တောင်သူ့ လက်ဝယ်သို့ ဖြန့်ဝေ ပြီးဖြစ်ပြီး ၊ အထွက်နှုန်းကောင်းသည့်စပ်မျိုးပြောင်းမျိုးသစ်များရရှိနိုင်ရန်အတွက် အထူးအလေး ပေးဆောင်ရွက်လျက်ရှိ ပါကြောင်းကို သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။