စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ တောင်သူနည်းပညာပြန့်ပွားရေးစင်တာတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ ခြင်း

1
4
3
2
1 4 3 2

၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၈) ရက် ညနေပိုင်း က စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် မြောင်းမြမြို့နယ် ကျုံဝါးကျေးရွာရှိ တောင်သူနည်းပညာ ပြန့်ပွားရေးစင်တာတွင် ဒေသခံတောင်သူများ နှင့် တွေ့ ဆုံပြီး တောင်သူများကိုယ်တိုင်ပါဝင်သော မျိုးစေ့ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာစေရေးနှင့် မျိုးကောင်းနှင့်မျိုးသန့် သုံးစွဲမှုတိုးတက်လာစေရေး သီးထပ်စွမ်းအားတိုးတက်ရေး ဆောင်ရွက်ရာတွင် မြေမမောစေရေးအတွက် လိုအပ်သော အများလို အဟာရ ဓာတ်များနှင့် အနည်းလို အဟာရဓာတ်များ ပုံမှန်ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်းရှိသည့် သဘာဝမြေဆွေးကို ကျယ်ကျယ်ပြန့် ထုတ်လုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာကျန်းမာရေးကို စဉ်ဆက်မပြတ်ကောင်းမွန် အောင် ဆောင်ရွက် ကြရန် ပြောကြား ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှတာဝန်ရှိသူများမှ မိဘမျိုးစေ့ ပွားများခြင်းနှင့် မျိုးစေ့အရည် အသွေးထိန်းသိမ်းခြင်း လုပ်ငန်းများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဉီးမှ စပါးတွင် ကျရောက်သည့် စပါးဘီလူးနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပေးခဲ့ကြပါကြောင်း နှင့် စိုက်ပျိုးထားရှိသည့်စမ်းသပ်ကွက်၊စံပြကွက်နှင့် မျိုးစေ့ထုတ်စပါးခင်းများအားကြည့်ရှုစစ်ဆေး အားပေးလမ်းညွှန် ခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။