စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံဌာနခွဲ ဒေသုတေသနဗဟိုဌာန မြောင်းမြခြံ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခြင်း

6
5
2
4
1
3
6 5 2 4 1 3

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဒေသအလိုက်လယ်ယာ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာစေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန စပါးသီးနှံဌာနခွဲ ဒေသုတေသနဗဟိုဌာန မြောင်းမြခြံ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို၂၀၂၃ခုနှစ် ဩဂုတ်လ ၂၈ ရက်က စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအားဆွေးနွေးမှာကြားပါသည်။