စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းနောင်စိုက်ပျိုးရေးသုတေသနဦးစီးဌာန တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံသို့ သုတေသနဆောင်ရွက်ထားရှိမှု များအား ကွင်းဆင်းကြည်ရှုစစ်ဆေး

uminjfhfki
fguhjyki
tgvbhfdgty
dvhyju
Capture
uminjfhfki fguhjyki tgvbhfdgty dvhyju Capture

၂၀၂၃ခုနှစ်မေလ(၈)ရက်နံနက်ပိုင်းကစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် နှင့် အဖွဲ့သည် တပ်ကုန်းစိုက်ပျိုးရေး သုတေသနခြံ၏ သုတေသနလုပ်ငန်း ဆောင်ရွက် နေမှုများကို စစ်ဆေးရာ စိုက်ပျိုးရေး သုတေသနဦးစီး ဌာနညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး က သီးနှံအရည်အသွေး နှင့်ထုတ်လုပ်မှု တိုးတက်ရေးအတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့်အတူ တောင်သူများ၏လက်တွေ့ စိုက်ပျိုး ထုတ်လုပ် ရာတွင်ကြုံတွေ့ရသည့်အခက်အခဲများ၊ ဖြေရှင်းပေးနိုင်မည့်နည်းလမ်းများဖော်ထုတ်ပေးရေး၊ နိုင်ငံအကျိုး၊တောင်သူများအကျိုး စွမ်းဆောင်ရသည့် လုပ်ငန်းများဖြစ်တာကြောင့် မိမိတို့အလုပ်တာဝန်အပေါ် ကျေနပ် ဂုဏ်ယူစွာကြိုးပမ်းအားထုတ်ကြရန် မှာကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်စပ်မျိုးနေကြာသုတေသနလုပ်ငန်းများ၊ မျိုးစေ့နမူနာများ၊ ခင်းကျင်းပြသထားမှုကိုလည်းကောင်း၊ စပ်မျိုးနေကြာမျိုးပွား စိုက်ပျိုးနေမှု၊ ဉဇဘက်ကစ္စတန် နိုင်ငံမှတင်သွင်းလာသည့် ချဉ်မျှင်ချည်ဝါ မျိုးသစ်များ စမ်းသပ်စိုက်ပျိုးရန် မြေပြုပြင် နေမှုများကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။