စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းနောင်စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနပြုဆောင်ရွက်ထားရှိမှုများအားကွင်းဆင်းကြည့်ရှုစစ်ဆေး
၂၀၂၃ခုနှစ်မေလ(၇)ရက်က စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့်အဖွဲ့သည် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန ကဆောင်ရွက် လျက်ရှိသည့် သုတေသနများအားကွင်းဆင်းကြည့်ရှုခဲ့ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ စိုက်ကွင်းများ၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင် သောသီးနှံပုံစံအတွဲများ စမ်းသပ်စိုက်ပျိုးထားရှိမှုများ၊ သီးနှံမျိုးစေ့နမူနာများ၊ဓာတ်ခွဲခန်းများနှင့် မျိုးစေ့ဘဏ်တို့အား ကြည့်ရှုစစ်ဆေးရာတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့်သုတေသနပညာရှင်များက လုပ်ငန်းစဉ်တစ်ခုခြင်းအား ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်သုတသနများ၊လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် တောင်သူများပူးပေါင်းပါဝင်သောလက်တွေ့အသုံးချသုတေသနလုပ်ငန်းများဒေသအလိုက်တိုးမြှင့်ဆောင်ရွက်ရန်၊ သီးနှံမျိုးရင်းများထိမ်းသိမ်းခြင်းနှင့်အရည်အသွေးကောင်း၊ အထွက်ကောင်းသီးနှံမျိုးသစ်များ ထုတ်လုပ်ရေးလုပ်ငန်းများ၊စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်၊ သုတေသနပညာရှင်၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားစေရေးစီမံဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပါသည်။