စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊လူငယ်စိုက်ပျိုး‌ရေးသု‌တေသီအသင်းတို့ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲဖိတ်ကြားလွှာ

288201266_354315243499571_6732315606695070781_n
288201266_354315243499571_6732315606695070781_n

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ လူငယ်စိုက်ပျိုး‌ရေးသု‌တေသီအသင်းတို့ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲကို ၂၀၂၂ခုနှစ် ဇွန်လ ၂၃ ရက်နှင့်၂၄ ရက်နေ့များတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ နဝရတ်ခန်းမ ၊ အစည်းအဝေးခန်းမ(Auditorium) နှင့် တောင်သူလယ်သမားရုပ်သံခန်းမ(Farmer Channel) တို့တွင် ဘာသာရပ် အသီးသီးအား တပြိုင်နက် ခန်းမခွဲ၍ ကျင်းပဆောင်ရွက် သွားမည် ဖြစ်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏စာတမ်းဖတ်ပွဲ Agricultural Third Conference ကို “Climate Change and Technology Innovation for Agricultural Development” ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ပြီး ဖွင့်ပွဲအခန်းအနားကို နဝရတ်ခန်းမတွင် ဇွန်လ၂၃ ရက်နေ့ နံနက် (၈:၀၀) နာရီ အချိန်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ဇွန်လ (၂၃)ရက် နှင့် (၂၄)ရက် နေ့ များတွင် စာတမ်းဖတ်ပွဲကို နံနက် (၈:၀၀)မှညနေ(၅:၀၀) နာရီ ထိ သတ်မှတ်နေရာ အသီးသီးတွင်ကျင်းပသွားမည်ဖြစ်ပါသောကြောင့် ကဏ္ဍ အသီးသီးမှ စိတ်ပါ ဝင်စားသူ ပညာရှင်များအားလုံး တက်ရောက်နိုင်ပါကြောင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ လှိုက်လှဲစွာ ဖိတ်ခေါ် အသိပေးအပ်ပါသည်။