စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တွင်သုတေသနပြုဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေးမွေးမြူရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာ တင်ထွဋ် သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများအား၂၀၂၃ခုနှစ်ဧပြီလ(၂၉)ရက်နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ရှေးဦးစွာ စပါးသီးနှံ သုတေသနဗဟိုဌာနတွင် ၂၀၂၃နွေရာသီတွင် ဆောင်ရွက်နေသည့် စပါးမွေးမြူရွေးချယ်ခြင်း သုတေသနများဆောင်ရွက်ခြင်းများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းကရှင်းလင်းတင်ပြခဲ့ပြီး ဒုဝန်ကြီးမှ သုတေသနစိုက်ကွင်းများအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ သုတေသနတစ်ခုခြင်းစီအလိုက် သုတေသနဆောင်ရွက်ထားရှိမှုအခြေအနေများအား အသေးစိတ်မေးမြန်းဆွေးနွေးပေးခြင်း၊ ထည့်သွင်းစဉ်းစားရမည့်အချက်များအားဖြည့်စွက်ဆွေးနွေးပေးခြင်းများနှင့် လူငယ်သုတေသီများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အခန်းကဏ္ဍများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့် သုတေသီသူရဲကောင်းများဖြစ်လာစေရေးနှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည်များအားမှာကြားပေးခဲ့ ပြီးRice genomic project တွင်ဆောင်ရွက်နေသည့် ပေါ်ဆန်းမွှေးစပါး နှင့် အင်းမရဲဘော်စပါးသားဆက်လိုင်းများ၏ ဖြစ်ထွန်းအောင်မြင်မှုအခြေအနေများလိုက်လံကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ မျိုးစေ့ဘဏ်အတွင်း သီးနှံ၊နည်းပညာသုတေသနပြခန်းများခင်းကျင်းပြသထားခြင်းအားလည်းကောင်း၊ မျိုးစေ့ဘဏ်အကြောင်းရိုက်ကူးထားသည့် မှတ်တမ်းVideo clip အားလည်းကောင်း၊ မျိုးစေ့ဘဏ်ပြခန်းတွင်ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံ အဝှမ်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ စုဆောင်းထားရှိသည့်စပါးသီးနှံမျိုးများပြသထားခြင်းအားလည်းကောင်း၊ မျိုးစေ့များ အား နှစ်ရှည်၊နှစ်လတ်၊ နှစ်တို အအေးခန်းများတွင် သိမ်းဆည်းသိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဒုဝန်ကြီးမှ သုတေသီများအား တစ်ဦးချင်းဆီအလိုက် ပိုင်ဆိုင်ကြသည့် ထူးချွန်သည့်မိမိတို့၏ ပင်ကိုအရည်အသွေး များပို မိုတောက်ပလာစေရေး ကြိုးပမ်းကြရန်အားပေးလမ်းညွှန်မှုများပြုလုပ်ခဲ့ပါသည်။