စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီ ဌာနပေါင်းစုံ အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံးကွင်းတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီ ဌာနပေါင်းစုံ အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် လ(၂၀) ရက်က ကျင်းပ ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများမှ ညွှန်ကြား ရေးမှူး ချုပ်များ၊ တက္ကသိုလ်များမှ ပါမောက် က္ခချုပ်များနှင့် တာဝန်ရှိသူများနှင့် အသင်း(၈) သင်းမှ အား ကစား သမားများ တက်ရောက် ခဲ့ကြပါသည်။
၂၀၂၂ ခုနှစ်၊ မိုးရာသီ ဌာနပေါင်းစုံ အမျိုးသားအားကစားပြိုင်ပွဲတွင် အုပ်စု(က) တွင် မွေးကု၊ဆည်ရေ၊ စိုက် /တက္ကသိုလ်၊ စိုက်/ဦးစီးအသင်းတို့ပါဝင်ကာ အုပ်စု(ခ)တွင် လယ်စီအင်း၊ စက်မှုလယ်ယာ၊ စုပေါင်းအသင်း(ငါးလုပ်ငန်း၊ မွေး/သု၊မွေးဆေးတက္ကသိုလ်၊ဝန်ကြီးရုံး)၊ စိုက်/သု ဦးစီးဌာနတို့ပါဝင်ကြကာ စုစုပေါင်း အသင်း(၈)သင်းပါဝင်ကစားကြမည်ဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားကျင်းပပြီးချိန်တွင် ပထမရက်(၂၀.၇.၂၀၂၂) ပွဲစဉ်များအဖြစ် မွေး/ကု ဦးစီး ဌာနနှင့် စိုက်/ဦးစီး အသင်းတို့သည် စိုက်/သု ကွင်းတွင်လည်းကောင်း၊ ဆည်ရေနှင့် စိုက် တက္ကသိုလ် အသင်းတို့သည် စိုက် တက္ကသိုလ် ကွင်းတွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြ အပ်ပါသည်။