စိုက်ပျိုးရေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားများ စက်မှုလယ်ယာ သင်တန်းကျောင်း(ရေဆင်း)သို့ လာရောက်လေ့လာခြင်း
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စက်မှု လယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၄ ရက်မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ် သင်ကြား လျက်ရှိသည့် လုပ်ငန်းခွင် အကြို ထွန်စက်နှင့် လယ်ယာသုံးစက်ကိရိယာများ ထိန်းသိမ်းမောင်းနှင်နည်း ပညာပေးသင်တန်းကို တက်ရောက် သင်ယူ လျက်ရှိသည့် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ၊ကျောင်းသူများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၁) ရက် နံနက်ပိုင်း ကစက်မှု လယ်ယာသင်တန်းကျောင်း(ရေဆင်း)သို့ လေ့လာ ရေး လာရောက်ခဲ့ကြပါသည်။
လုပ်ငန်းခွင် အသီးသီးဝင်ရောက်ကြရတော့မည့် စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများအားလုပ်ငန်းခွင် အကြို ထွန်စက်နှင့် လယ်ယာသုံးစက်ကိရိယာများ ထိန်းသိမ်း မောင်းနှင်နည်း ပညာပေးသင်တန်းတွင် လက်တွန်းထွန်စက်၊ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်များထိန်းသိမ်းမောင်းနှင်နည်း၊ စနစ်ကျလယ်ယာ မြေဖော်ထုတ်ရေး၊ မျိုးစေ့ချကိရိယာ၊ လယ်ယာသုံး စက်ကိရိယာအသုံးပြုခြင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စပါးအခြောက်ခံစက်စသည့်ဘာသာရပ်များ၊ သဘာဝမြေဆွေး ပြုလုပ်နည်းနှင့် လက်မှုလယ်ယာ စနစ်မှစက်မှုလယ်ယာစနစ်သို့ ကူးပြောင်း ဆောင်ရွက်ရာတွင် စက်မှုစွမ်းအား အရေးကြီးမှုများကို စာတွေ့/ လက်တွေ့ ပူးတွဲလေ့လာနိုင်ခဲ့ပါသည်။ ယနေ့ လေ့လာရေး ခရီးစဉ်တွင် စက်မှုလယ်ယာ သင်တန်းကျောင်း၌ ပြသထားသော မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ပြုစုပျိုးထောင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းနှင့် သီးနှံထိန်းသိမ်းသိုလှောင်ခြင်း အဆင့်အားလုံးတွင် အသုံးပြုနေသည့် လယ်ယာသုံး စက်ကိရိယာများကို လက်တွေ့ လာရောက် လေ့လာခဲ့ကြခြင်းဖြစ်သည်။
ထိုသို့လာရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများ မှ အသေးစိတ် လိုက်လံ ရှင်းလင်းပြသခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။