စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးပညာပေးရေးဌာနမှ ကျောင်းသားကျောင်းသူများ စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ သတင်းအချက်အလက်နည်းပညာနှင့်သုတေသန နည်းပညာ ပြန့်ပွားရေးဌာနစု သို့ လာရောက်လေ့လာခြင်း

5
3
2
6
1
4
5 3 2 6 1 4

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးပညာပေးရေးဌာနမှ စိုက်ပျိုးရေးပညာပေး အထူးပြုကျောင်းသားကျောင်းသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုး စီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ်နှင့် နည်းပညာပြန့်ပွားရေးသုတေသနဌာနခွဲ၊ သတင်း အချက်အလက် နည်းပညာနှင့်သုတေသန နည်းပညာ ပြန့်ပွားရေးဌာနစု (Farmer Channel Studio) သို့ ဒီဇင်ဘာ(၃)ရက် နံနက်ပိုင်းက လာရောက်လေ့လာခဲ့ကြပါသည်။

လေ့လာရေးလာရောက်ကြသည့်ကျောင်းသားကျောင်းသူများအားစိုက်ပျိုး စီးပွား၊ စိုက်ပျိုး မွေးမြူ ရေးစနစ်နှင့် နည်းပညာပြန့်ပွားရေးသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးမှ Farmer Channel Studio အား ၂၀၁၅ ခုနှစ်၊ မေလ (၄) ရက် တွင် စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါကြောင်း၊

Farmer Channel တွင် စတင်ထုတ်လွှင့်ခြင်းကိုတော့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်တွင် (Free to- Air Channel)အနေဖြင့် နံနက်(၆) နာရီမှ ည(၁၀) နာရီ အထိ ၄ နာရီ ၄ ကြိမ်ထုတ်လွှင့်ခဲ့ပါကြောင်း၊

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှထုတ်လွှင့်ပေးခြင်း (Network provider) အဖြစ်လည်းကောင်း၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) မှ Content provider (Programs Production)အဖြစ်ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း

စတင်ဖွဲ့စည်းခဲ့စဉ်ကစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) အောက်ရှိ ရိုက်ကူးရေးအဖွဲ့ (၃)ဖွဲ့ဖြစ်သည့်

စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူလယ်သမားကဏ္ဍရုပ်သံ ရိုက်ကူး ရေးအဖွဲ့၊

စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊တောင် သူလယ်သမားကဏ္ဍရုပ်သံ ရိုက်ကူး ရေး အဖွဲ့ နှင့်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊တောင်သူ လယ်သမားကဏ္ဍရုပ်သံရိုက်ကူး ရေး အဖွဲ့ ဟူ၍ အဖွဲ့(၃)ဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခုလက်ရှိ တွင် စိုက်ပျိုးရေး သုတေသ နဦးစီးဌာန၊ တောင်သူလယ် သမားကဏ္ဍရုပ်သံ ရိုက်ကူး ရေး အဖွဲ့မှ ရိုက်ကူးတည်းဖြတ်၍ တောင်သူ ပညာပေးအစီအစဉ်များ ထုတ်လုပ်ခြင်းအားဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၂၀၂၁ ခုနှစ်တွင်ပြောင်းလဲ ခဲ့သည့် ဖွဲ့စည်းပုံအသစ်အရ ယခင် တောင်သူ လယ် သမား ကဏ္ဍရုပ်သံ (Farmer Channel) မှ သတင်းအချက်အလက် နည်းပညာ နှင့် သုတေသန နည်းပညာ ပြန့်ပွားရေး ဌာနစု (Information Technology and Technology Dissemination Section) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း။

တောင်သူများထံ သတင်းအချက်အလက်များနှင့် ဗဟုသုတများ ပညာပေးရာတွင် လူထုဆက်သွယ်ရေးမီဒီယာ (Mass Media) များထဲမှ တစ်ခု အပါအဝင်ဖြစ်သည့် ထုတ်လွှင့်မီဒီယာ(Broadcast Media) မှ ရုပ်သံ ထုတ်လွှင့် ရန်အတွက် အဓိက ထား ဆောင်ရွက်ခြင်းမှ အခြားသော မီဒီယာ များဖြစ်သည့် ဒီဂျစ်တယ်မီဒီယာ (Facebook page, Website, YouTube Channel)၊ ပုံနှိပ်မီဒီယာ(Printed Media -သတင်းလွှာ, သတင်းစာ များ၌ဖော်ပြခြင်း) များအားလည်းကောင်း၊

အပတ်စဉ် စနေနေ့ တိုင်းကျင်းပမြဲဖြစ်သည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲ (Farmers’ Technical Forum) ကို တောင်သူများအား ပညာရှင်များနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးစေခြင်း၊

Video Clip များအသုံးပြုခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည်ဖြင့် မီဒီယာ အမျိုးမျိုးအား အသုံးပြု ကာ စိုက်ပျိုးရေးဆိုင်ရာသတင်း အချက် အလက်များ စိုက်ပျိုးရေး ကွင်းဆက် တစ် လျှောက်လုံးတွင် ပါဝင်သူများ အကြား ပိုမို ထိရောက်စွာ ပျံ့နှံ့ရောက်ရှိရေး အလေးပေး ဆောင်ရွက် လျက်ရှိပါကြောင်း တို့ကို ဗဟုသုတဖြစ်ဖွယ်မျှ‌‌ဝေပြော ကြား ခဲ့ပါသည်။

ထို့နောက်ကျောင်းသားကျောင်းသူများမှ သတင်း အချက်အလက် နည်းပညာ နှင့်သုတေသန နည်းပညာ ပြန့်ပွားရေးဌာနစုရှိ Farmer Channel Studio အတွင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ Small Studio, Large Studio ခန်းများအားလည်း ကောင်း စိတ်ပါဝင်စားစွာလိုက်လံ ကြည့်ရှုလေ့လာခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။