စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စပါး၊နေကြာသီးနှံစိုက်တောင်သူများသို့ ရှမ်းပြည်နယ်အစိုးရမှထောက်ပံ့သော ဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩဇာပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း

362688892_595494402730829_2473876756873500201_n
362263303_595494326064170_3505907083878156442_n
361899437_595494556064147_5144363943354947541_n
3
362688892_595494402730829_2473876756873500201_n 362263303_595494326064170_3505907083878156442_n 361899437_595494556064147_5144363943354947541_n 3

စပါး၊နေကြာသီးနှံစိုက်တောင်သူများသို့ ရှမ်းပြည်နယ်အစိုးရမှထောက်ပံ့သော ဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩဇာပေးအပ်ပွဲအခမ်းအနား ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၂)ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာယောစိုက်ပျိုးရေးသုတေသနခြံတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့စိုက်ပျိုးရေးဦးစီးဌာနတောင်ကြီးမြို့နယ်ဦးစီးမှူးဦးအောင်ကျော်ဝင်း၊တာယောစိုက်ပျိုးရေးသုတေသနခြံမှ ခြံတာဝန်ခံနှင့်ဝန်ထမ်းများ၊ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တာယောစိုက်ပျိုးရေးသုတေသနခြံ ခြံတာဝန်ခံမှ ဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩဇာအသုံးပြုခြင်း၏အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားပါသည်။ထို့နောက် တောင်ကြီးမြို့နယ်ဦးစီးမှူးနှင့်ခြံတာဝန်ခံတို့ကတက်ရောက်လာကြသောတောင်သူများအား တဦးလျှင် ဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩဇာ ၂၅အိတ်နှုန်းပေးအပ်ခဲ့ပါသည်။တောင်သူ ၄၀ အတွက် အိတ် ၁၀၀၀ နှင့် တာယောစိုက်ပျိုးရေးသုတေသနခြံအတွက် အိတ် ၁၆၀ စုစုပေါင်း၁၁၆၀ အိတ်ပေးအပ်ခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။