စပါးသီးနှံသုတေသနဗဟိုဌာနတွင် ၂၀၂၂ (နွေရာသီ) သုတေသနများ ဆောင်ရွက်ထားရှိ
စပါးသီးနှံသုတေသနဗဟိုဌာန (စပါးသီးနှံသုတေသနဌာနခွဲ စိုက်ပျိုးရေးသုတေသ ဦးစီးဌာန) သည် အထွက်နှုန်း၊ အရည်အသွေးနှင့် အဟာရဆိုင်ရာ စပါးသီးနှံ သုတေသနလုပ်ငန်းများ၊ ရာသီဉတုနှင့် လိုက်လျောညီထွေမှုရှိသည့် စပါးသီးနှံ မျိုးမွေးမြူရေးလုပ်ငန်းများ၊ ထုတ်ဝေပြီး စပါးမျိုးများကို ဗီဇငြိမ် သန္ဓေသန့် မျိုးများ ထိန်းသိမ်း မွေးမြူပေးခြင်း စသည့် သုတေသန လုပ်ငန်းများအား အစဉ် ဆောင်ရွက် လျှက်ရှိပါသည်။
၂၀၂၂ ခုနှစ် (နွေရာသီ) တွင် “Food Security and Nutrition Program” အောက်တွင် နွေ၊ မိုး စိုက်ပျိုးနိုင်သော သက်လျင်စပါးမျိုးများ၊ အထွက်နှုန်းကောင်း၍ အရည်အသွေးကောင်း စပါးမျိုးများ မျိုးမွေးမြူရွေးချယ်ခြင်း သုတေသနများ၊ “Resilience and Sustainable Agriculture Program” အောက်တွင် အထွက်နှုန်းကောင်း၍ စားသုံးမှု အရည်အသွေးကောင်းသော ရေအနည်းလို စပါးမျိုးများ၊ အပူဒဏ်ခံစပါးမျိုးများ မျိုးမွေးမြူရွေးချယ်ခြင်း သုတေသနများအား ဆောင်ရွက် ထားရှိပါသည်။
ထုတ်ဝေပြီး စပါးမျိုးသစ်များဖြစ်သည့် အရည်အသွေးကောင်း စပါးမျိုး (ဝိုင်ကြူအာ-၁၁၊ ကိုမိုင်ပါးလ်)၊ ရေအနည်းလိုစပါးမျိုး (ဝိုင်အေအာ-၁၄)မျိုးများအားလည်းကောင်း၊ အလားအလာကောင်းသော စပါးမျိုးလိုင်းများ ဖြစ်သည့် နွေ၊ မိုး စိုက်ပျိုးနိုင်ပြီး ယိုင်လဲဒဏ်ခံနိုင်သော ငချိပ်စပါး (Y BS R-10)၊ ဆားငံဒဏ်ခံစပါး (Y ST R-12))မျိုးလိုင်းများအား လည်းကောင်း သရုပ်ပြစိုက်ပျိုးခြင်းများ ဆောင်ရွက်ထားရှိပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန