စတုတ္ထ အကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေး ညှိနှိုင်း ဆွေးနွေးခြင်း
၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက် က စတုတ္ထ အကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေး ညှိနှိုင်းဆွေးနွေးခြင်းအား စိုက်ပျိုးရေးသု တေသနဦးစီးဌာန(ရေဆင်း)ရှိ နဝရတ်ခန်းမ တွင် ဆောင် ရွက်ခဲ့သည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ စတုတ္ထအကြိမ် သုတေသနစာတမ်းဖတ်ပွဲကို “Inovative Research & Development through Farmer Participatory Approach” “တောင်သူများ ပူးပေါင်းပါဝင်ခြင်းမှသည် ဆန်းသစ်တီထွင်မှုရှိသော သုတေသနနှင့်ဖွံ့ဖြိုးရေးဆီသို့” ခေါင်းစဉ်ဖြင့် (၂၂.၆.၂၀၂၃) နှင့် (၂၃.၆.၂၀၂၃) ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး အချောသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ စိုက် ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက် တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနစုတာဝန်ခံများ၊ သုတေသနခြံတာဝန်ခံများ၊ ဒေသသုတေသနဗဟိုဌာန တာဝန်ခံများနှင့် သုတေသနစာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များတက်ရောက် ခဲ့ကြပါသည်။
အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာ ယခုပြုလုပ်သည့် သုတေသနစာတမ်းဖတ်ပွဲသည် စတုတ္ထ အကြိမ်မြောက် တိုင်ခဲ့ပြီဖြစ်ခြင်းကြောင့် ရှေ့မှ အတွေ့ အကြုံ ၊နမူနာ များရယူကာ ပိုမိုချောမွေ့ အဆင်ပြေ စွာစီစဉ်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ပိုမိုစနစ် တကျနှင့် အစီအစဉ်တကျ ဟာကွက်မရှိစေရေးအတွက်လည်း အချိတ်အဆက်မိမိ ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ တနှစ်ထက်တစ်နှစ် စာတမ်း၏အရည် အသွေးမြင့်မား လာစေရေး ကိုလည်း အထူး ဂရုပြုကြစေလိုပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် သုတေသနစာတမ်းဖတ်ပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ညွှန်ကြားရေးမှူး ဒေါက်တာမော်မော်သန်းမှ တင်ပြဆွေး နွေး ပေးခဲ့ ပါသည်။
ဆက်လက်၍ သုတေသနစာတမ်းဖတ်ပွဲအား ဘာ သာရပ် အလိုက် နေရာ သုံးခုခွဲ ၍ကျင်းပရေး၊ စာတမ်း၊ ပိုစတာများ စနစ်တကျ ဆောင်ရွက်ရေး၊ စာတမ်းဖတ်ပွဲဖြစ်မြောက်ရေး အတွက် ဦးဆောင် ကော်မတီ၊လုပ်ငန်းကော်မတီများ စနစ်တကျဖွဲ့စည်း ၍ လုပ်ငန်းတာဝန်များစနစ်တကျခွဲဝေပေးရေး တို့အား ဝိုင်းဝန်းဆွေးနွေး ခဲ့ ကြပါကြောင်းသတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။