စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စက်မှုလယ်ယာဦးစီးဌာနမှ လုပ်ငန်းခွင်အကြိုသင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသားများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လာရောက်လေ့လာခြင်း

IMG_9630
IMG_9648
IMG_9635
IMG_9640
IMG_9686
IMG_9658
IMG_9690
IMG_9691
IMG_9711
IMG_9726
IMG_9761
IMG_9725
IMG_9760
IMG_9715
IMG_9754
IMG_9717
IMG_9724
IMG_9757
IMG_9752
IMG_9707
IMG_9750
IMG_9697
IMG_9748
IMG_9749
IMG_9696
IMG_9747
IMG_9700
IMG_9682
IMG_9745
IMG_9693
IMG_9742
IMG_9664
IMG_9734
IMG_9731
IMG_9738
IMG_9630 IMG_9648 IMG_9635 IMG_9640 IMG_9686 IMG_9658 IMG_9690 IMG_9691 IMG_9711 IMG_9726 IMG_9761 IMG_9725 IMG_9760 IMG_9715 IMG_9754 IMG_9717 IMG_9724 IMG_9757 IMG_9752 IMG_9707 IMG_9750 IMG_9697 IMG_9748 IMG_9749 IMG_9696 IMG_9747 IMG_9700 IMG_9682 IMG_9745 IMG_9693 IMG_9742 IMG_9664 IMG_9734 IMG_9731 IMG_9738

၂၀၂၂ခုနှစ် သြဂုတ်လ(၁၇) ရက်တွင် စက်မှုလယ်ယာဦးစီးဌာန၊ ရေဆင်းရှိ စက်မှုလယ်ယာ သင်တန်းကျောင်းတွင် လုပ်ငန်းခွင်သို့စတင်ဝင်ရောက်လာသည့် ရာထူးဝန်အဖွဲ့မှရွေးချယ်ထားသည့် ဦးစီး အရာရှိ သင်တန်းသားများအတွက် လုပ်ငန်းခွင် အကြိိုသင်တန်းဖွင့်လှစ်လျက်ရှိရာ စက်မှုလယ်ယာဦးစီးဌာန ၏ ဖိတ်ကြားချက်အရ စိုက်ပျိုး ရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ မော်မော်သန်းမှ သုတေသနနှင့် သက်ဆိုင်သည့် အတွေ့အကြုံ ဗဟု သုတများ အား သွားရောက် မျှဝေ ပေးခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်တန်းများအား စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွင် စိုက်ပျိုး ရေးသုတေသ နဦးစီးဌာနအနေဖြင့်သုတေသနပြုဆောင်ရွက်နေမှုအခြေအနေများ၊ ၁၉၅၄ခုနှစ်မှ ယနေ့ အချိန် အထိ ရရှိခဲ့သည့် သုတေသနရလာဒ်များ၊ သီးနှံမျိုးစေ့ပွားများခြင်းနှင့် ဖြန့်ဝေပေးနိုင်မှု အခြေအနေများ အား သင်တန်းသား များဗဟုသုတဖြစ်ဖွယ်မျှဝေပေးခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသားများအား သုတေသနများဆောင်ရွက်ထားရှိမှုကို တွေ့မြင် လေ့လာ နိုင်စေရန် လက်တွေ့ပြသခဲ့ရာ စက်မှုလယ်ယာကျောင်းအုပ်ကြီး ဦးစိုးလှိုင်ဦးဆောင်သည့် သင်တန်းသား ၂၀ဦးတို့မှ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လာရောက်လေ့လာခဲ့ကြပါသည်။ ထိုသို့ လာရောက် လေ့လာ ခဲ့ရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ စပါးသု‌ေတသန ဗဟိုဌာန တွင် လက်ရှိဆောင်ရွက် လျက်ရှိ သည့်သု တေသနလုပ်ငန်းစဉ် အဆင့်ဆင့်အားလည်းကောင်း၊ မျိုးသန့် ထိမ်း သိမ်းခြင်း လုပ်ငန်းစဉ်များအား လည်းကောင်း ၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များ သုတေသနဌာနခွဲ ရှိ Soil&water museum တွင်ပြသထားသည့် နိုင်ငံအဝှမ်းမှ နမူနာများ ခင်းကျင်းပြသထားရှိမှုများကိုလည်းကောင်း၊ ရေအသုံး ချရေး သုတေ သနဓာတ်ခွဲခန်းနှင့် မြေဆီလွှာသိပ္ပံ သုတေသနဓာတ်ခွဲခန်းတို့တွင် သုတေသန ဆောင်ရွက် နေမှု များနှင့် အသုံးပြုလျက်ရှိသည့် ခေတ်မှီ ဓာတ်ခွဲခန်းသုံးပစ္စည်းများအသုံးချနေမှုများ၊ မြေနမူနာ၊ အပင် နမူနာများအား ဓာတ်ခွဲစစ်ဆေး နေမှုများအား လည်းကောင်းလက်တွေ့ပြသခဲ့ပါသည်။

ဆက်လက်၍အဏုဇီဝသုတေသနဌာနစုအတွင်း ဇီဝမြေသြဇာများဖြစ်သည့် ထရိုင်ဂိုဒါးမားမှိုနှင့် ရိုင်ဇိုဘီရမ် ထုတ်လုပ်နေမှုနှင့် သုတေသန ပြုဆောင်ရွက်နေမှုမျာအား သင်တန်းသားများမှ ဆက်လက် လေ့လာကြရာ အသုံးပြုပုံများ နှင့် အကျိုး ကျေးဇူးများအား တာဝန်ရှိသူများမှ ရှင်းလင်းပြသ ခဲ့ကြပါသည် ထို့နောက် မျိုးစေ့ဘဏ်အတွင်း ခင်းကျင်းပြသထားသည့် နိုင်ငံ အဝှမ်းမှ တိုင်းနှင့်ပြည်နယ် အသီးသီး အလိုက် စုဆောင်း ထိမ်းသိမ်း ထားသည့် စပါးမျိုးများ ခင်းကျင်း ပြသထားမှုများ အားလည်းကောင်း၊ မျိုးစေ့ ဘဏ်တွင်း သီးနှံမျိုးစေ့များအား အအေးခန်းတွင် ထိမ်းသိမ်း ထားရှိမှု အခြေအနေများ အားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသ ဦးစီးဌာနရှိ သီးနှံနှင့်နည်းပညာ နဌာနစု အသီးသီးတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနများအား ပြသထားသည့် ပြကွက်များနှင့် ထုတ်ဝေပြီးမျိုးနှင့် နည်းပညာများပြခန်းတွင် ပြသထား မှုများ အားလည်း ကောင်း သင်တန်းသားများမှ လေ့လာခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန