စက်မှုလယ်ယာဦးစီးဌာနစက်မှုလယ်ယာသင်တန်းကျောင်း၊ ရေဆင်းတွင် လယ်ယာသုံး စက်ကိရိယာများ မောင်းနှင်ပြုပြင်ထိန်းသိမ်းခြင်း TOT သင်တန်းဖွင့်လှစ်ခြင်း
စက်မှုလယ်ယာဦးစီးဌာန၊စက်မှုလယ်ယာသင်တန်းကျောင်း၊ ရေဆင်းတွင် လယ်ယာသုံး စက်ကိရိယာများ မောင်းနှင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း အား ၂၀၂၃ခုနှစ် ဒီဇင်ဘာ(၁၈)ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး များ စက်မှု လယ်ယာ သင်တန်းကျောင်း(ရေဆင်း)မှ သင်တန်း ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာ၊ဆရာမများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန် ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးမှ အဖွင့်အမှာစကားပြောကြားရာ ဒီနေ့အခမ်းအနားသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းများမှ စက်မှုလယ်ယာနည်းပညာဆိုင်ရာ ဆရာ၊ ဆရာမများအား လယ်ယာသုံး စက်ကိရိယာများ နှင့်ပတ်သက်သော သဘောတရားများကို သင်ကြားပို့ချပေးသောTOT သင်တန်းဖြစ်ပါကြောင်း ၊
ယခုသင်တန်းအား အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း များမှ စက်မှုလယ်ယာနည်းပညာ ဘာသာကို သင်ကြားပို့ချရမည့် ဆရာ၊ ဆရာမများ၊လယ်ယာသုံး စက်ကိရိယာများ၏ အခြေခံသဘောတရား များကိုလက်တွေ့ကျကျ သိရှိပြီး မိမိတို့၏ ကျောင်းသားများကို သင်
ကြားပို့ချရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ TOTသင်တန်း အဖြစ် ဖွင့်လှစ်ပို့ချခြင်း ဖြစ်ပါကြောင်း၊သင်တန်းသားအများစုမှာ Mechanical Engineer များဖြစ်နေတာ ကို တွေ့ရပါကြောင်း ၊ မြန်မာ နိုင်ငံတွင်စိုက်ပျိုးရေးအင်ဂျင်နီယာများကို ယခင်က စက်မှု တက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သော်လည်း ယခုအခါတွင် အဆက်ပြတ်သွားပြီးစိုက် ပျိုးရေး အင်ဂျင်နီယာဆိုင်ရာ အခန်းကဏ္ဍများကို Mechanical Engineer များ ကသာဆောင်ရွက် လျက် ရှိသည့်အတွက် ပညာရပ်ဆိုင်ရာ များတွင်လိုအပ်ချက်များ များစွာရှိနေတာကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊
ယခုအခါမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်တွင်ရှိသောနည်း ပညာတက္ကသိုလ် များတွင်စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်ကို ပြန် လည်ပြီးစတင်သင်ကြားလာတဲ့အတွက် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့်ဆိုလျှင် ဌာနအတွက် အားကိုးရတဲ့ လူ့စွမ်းအားအရင်း အမြစ် များပေါ်ထွက်လာမှာဖြစ်လို့ များစွာဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်းပြောကြားခဲ့ပါသည်။
ယခုဖွင့်လှစ်သည့်သင်တန်းအား(၁၀)ရက်တာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းမှသိသင့် သိထိုက်သော လယ်ယာသုံး စက်ကိရိယာများရဲ့ အခြေခံသဘောတရားများအပြင် မြေဆီလွှာ အကြောင်းအခြေခံများကိုလည်း သိသင့်သည့်အတွက် ထည့်သွင်း သင်ကြား ပေးသွား မည်ဖြစ် ကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။