စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စက်ဖြင့် နှမ်းမျိုးစေ့ချ သရုပ်ပြစိုက်ပျိုး

2
3
4
1
6
5
8
9
10
7
2 3 4 1 6 5 8 9 10 7

          ၂၀၂၂ခုနှစ် ဧပြီလ(၂၆) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆီထွက်သီးနှံသုတေသနကွင်း တွင် စိုက်ပျိုးရေသုတေသန ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ စက်ဖြင့် နှမ်းမျိုးစေ့ ချ သရုပ်ပြ စိုက်ပျိုးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသရုပ်ပြစိုက်ပျိုးခြင်းကို တောင်သူများနှမ်းသီး နှံစိုက်ပျိုးရာတွင် မျိုးစေ့ကုန် သက်သာ ရုံသာမက အချိန် ကုန် သက်သာ၊ လူကုန်သက်သာ၍ စိုက်ပျိုးမှုကုန်ကျစရိတ်လျော့ချနိုင်ရေးနှင့် တောင်သူ အများ တွေ့မြင် လက်ခံ၍ ကျယ်ကျယ်ပြန့် ပြန့်အသုံးပြုလာစေရေး ရည်ရွယ်ကာ ဆောင်ရွက်ခဲ့ ခြင်းဖြစ် သည်။
အဆိုပါမျိုးစေ့ချသရုပ်ပြစိုက်ပျိုးပွဲသို့ စိုက်ပျိုး ရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ဆီထွက်သီးနှံ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေကြသည့် သုတေသီဝန်ထမ်းများ ပါဝင်စိုက်ပျိုးခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။