ချင်းပြည်နယ်မှ သင်တန်းသားများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့လာရောက်လေ့လာခြင်း
စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲတွင် ဖွင့်လှစ်လျက်ရှိသည့် မျိုးစေ့ဓာတ်ခွဲခန်း ကျွမ်းကျင်သင်တန်း၌ ချင်းပြည်နယ် အထူးအစီအစဉ်အဖြစ် သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသားများသည် စိုက်ပျိုးရေး သုတေသန ဦးစီး ဌာနသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်က လာရောက်လေ့လာ ၊ လက်တွေ့ကွင်းဆင်းခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
ထို့သို့ သင်တန်းသားများမှ လာရောက်လေ့လာခဲ့ကြရာ ရှေးဦးစွာ စပါးသီးနှံ သုတေသနဗဟိုဌာနသို့ ရောက်ရှိကြပြီး ဌာနအတွင်းရှိ ဆောင်ရွက်လျက်ရှိသည့် သုတေသနများအား တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပါသည်။ ဆက်လက်၍ သင်တန်း သား များအား မိဘစပါးမျိုးစေ့အဆင့် စိုက်ပျိုးထားသော ဆင်းဧကရီ-၃, ဆင်းသုခ, မှော်ဘီ-၃ စသည့်မျိုးများအား မျိုးတစ်မျိုးချင်းစီ၏ အရည်အချင်း လက္ခဏာများအလိုက် မျိုးကွဲ စစ်ေဆး ခြင်း အား လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး မျိုးအလိုက် အပင်အမြင့်၊ အလံရွက် ထွက် သည့်ပုံစံ၊ ပန်းခိုင်ထွက်ပုံ၊ ပန်းပွင့်အရောင်၊ အသီးအရောင်များကို စစ်ဆေးခဲ့ ကြကြောင်း သိရှိရသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် ဆီထွက် သီးနှံသုေတသန ကွင်းသို့သွားရောက်ကြပြီး လက်ရှိ ဆောင်ရွက်လျှက် ရှိသည့် မြေပဲ၊ နေကြာသီးနှံသုတေသနများအား လေ့လာ ကြည့်ရှုကြပြီး ပဲမျိုးစုံသုေတသန ဌာနစု ကွင်း အတွင်းဆောင်ရွက်လျက်ရှိသည့် ပဲမျိုးစုံသုတေသန များအားလည်း ကြည့်ရှု လေ့လာခဲ့ကြပါသည်။ ဆက်လက်၍ စိုက်ပျိုးရေး သုတေသနဦးစီးဌာန မျိုးစေ့ဘဏ် အတွင်း နိုင်ငံ အဝှမ်းမှ တိုင်းနှင့်ပြည်နယ်အလိုက် စုဆောင်းသိမ်းဆည်းထားသည့် စပါးမျိုးများ ခင်းကျင်း ပြသထားမှုများအားလည်းကောင်း၊မျိုးစေ့ဘဏ်အတွင်း သီးနှံမျိုးစေ့များ အခန်းတွင်း ထိန်းသိမ်းထားရှိမှု အခြေအနေများအားလည်းကောင်း လိုက်လံလေ့လာခဲ့ကြောင်း သတင်း မှတ် တမ်း အဖြစ် ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန