စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ခေတ်မီနည်းပညာများအသုံးပြုကာ မျိုးအာလူးထုတ်လုပ်နိုင်ရေးဆွေးနွေး

DSC00572
DSC00561
DSC00574
DSC00562
DSC00563
DSC00579
DSC00572 DSC00561 DSC00574 DSC00562 DSC00563 DSC00579

အာလူးသီးနှံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခေတ်မီနည်းပညာများအသုံးပြုကာ မျိုးအာလူး ထုတ်လုပ် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ နဝရတ်ခန်းမတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ (၁၉) ရက်ကကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦး နှင့်တာဝန်ရှိသူများ၊ အာလူးသီးနှံသုတေသနလုပ်ငန်းများ အဓိကာထားဆောင်ရွက်နေကြသည့် ဒေသသုတေသန ဗဟိုဌာန (အောင်ပန်း) နှင့် ထုံးဖို စိုက်ပျိုးရေး သုတေသနခြံတို့မှ ခြံတာဝန်ခံများ တက်ရောက် ခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မျိုးအာလူးထုတ်လုပ်မည့် နည်းလမ်းများ ဖြစ်သည့် Tissue culture၊ aeroponic၊ hydroponic နည်းလမ်းများအသုံးပြု၍ မျိုးအာလူးများ ထုတ်လုပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် နှင့်ဆက်စပ်သည်များအား ဆွေးနွေး ခဲ့ကြ ပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန