စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ကွင်းသရုပ်ပြပွဲနှင့် Common Interest Groups (CIGs) များထံ မတည်ရန်ပုံငွေနှင့် လုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

IMG_9877
IMG_9886
IMG_9896
IMG_9934
IMG_9899
IMG_9937
IMG_9905
IMG_9906
IMG_9877 IMG_9886 IMG_9896 IMG_9934 IMG_9899 IMG_9937 IMG_9905 IMG_9906

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအစီအစဉ်အောက်မှ  မျှစ်စိုက်ပျိုး ထုတ်လုပ်ရေး တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်မှုအပေါ်အခြေခံ၍ ကျေးလက်နေအိမ်ထောင်စု များ၏ လူမှုဘဝ ဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်းအား (၂) နှစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းလုပ်ငန်းအစီအစဉ်အရ “ကွင်းသရုပ်ပြပွဲနှင့် Common Interest Groups (CIGs) များထံ မတည်ရန်ပုံငွေနှင့် လုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲအခမ်းအနား” ကို နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာ၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီမံကိန်း ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းတာဝန်ခံနှင့် စီမံကိန်းအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးမြို့နယ် မန်နေဂျာများ၊ မြန်မာနိုင်ငံဝါးလုပ်ငန်းရှင်များအသင်းမှ ဝါးပညာရှင်နှင့် NA RAIN DARA CO.LTD မှ လုပ်ငန်းရှင်၊ ပျဉ်းမနားမြို့နယ်ရှိ ဆိတ်ဖူးတောင်ကျေးရွာ၊ မြသီတာကျေးရွာ၊ အောင်ဘိသိတ်ကျေးရွာနှင့် လယ်ဝေးမြို့နယ်ရှိ  အောင်သပြေကျေးရွာတို့မှ ဒေသခံတောင်သူ (၄၀) ဦးအပါအဝင် စုစုပေါင်းတက်ရောက်သူဦးရေ (၁၀၀) ခန့်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ စီမံကိန်းဒါရိုက်တာ၊ Common Interest Groups- CIGs အဖွဲ့ခေါင်းဆောင်များနှင့် မြို့နယ်မန်နေဂျာများတို့အကြား မတည်ရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ခြင်းဆိုင်ရာ နှစ်ဖက်သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များမှ CIGs အဖွဲ့များသို့ မတည်ရန်ပုံငွေ (Seed Money) ပေးအပ်ခြင်း၊ စီမံကိန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ CIGs အဖွဲ့ များအတွက် လုပ်ငန်းသုံးအခြေခံလိုအပ်သောပစ္စည်းများပေးအပ်ခြင်း၊ CIGs အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း စသည့်အစီအစဉ်တို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် တောင်သူများအား စိုက်ခင်းအတွင်း စိုက်ပျိုးထားရှိသော ဝါးစိုက်ခင်း၊ ဝါးပျိုးခြံနှင့် ဝင်ငွေရသီးနှံ များဖြစ်သည့် နေကြာ၊ ပဲစင်းငုံနှင့် ဝဥတို့အား စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းပြသ ခြင်းနှင့် တောင်သူများအား အသိပညာပေးအစီအစဉ်အနေဖြင့် (၁) ဝါးတစ်ဧကစိုက်ပျိုးထုတ် လုပ်ခြင်း၏ ဝင်ငွေအကျိုးအမြတ်ရရှိမှုများအား ရှင်းလင်းပြသခြင်း၊ (၂) ဝါးတစ်ပင်လုံး၏ အသုံး ဝင်မှုများအား အသိပညာပေးခြင်း၊ (၃) ဝါးစိုက်ခင်းတွင် ဝင်ငွေရ သီးညှပ်သီးနှံများ စိုက်ပျိုးခြင်း ဖြင့် အပိုဝင်ငွေရရှိလာစေရန်နှင့် အကျိုးအမြတ်များစွာဖြစ်ထွန်းစေရန် ရည်ရွယ်၍ သီးညှပ်စိုက် ပျိုးမှုအား အသိပညာပေးရှင်းလင်းပြသခြင်း၊ (၄) တောင်စောင်းစိုက်ပျိုးရေးတွင် အလွန်အရေး ပါသော မြေဆီလွှာပြုန်းတီးမှု၊ သဘာဝမြေဆွေးနှင့် ရေဆုံးရှုံးမှုများ ဖြစ်ပေါ်မှုအခြေအနေများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် တောင်စောင်းစိုက်ပျိုး နည်းစနစ်များအား အသိပညာပေးရှင်းလင်းပြသခြင်းတို့အား သက်ဆိုင်ရာတာဝန်ခံပညာရှင်များမှ ဆောင်ရွက်ခဲ့ကြ ပါသည်။

ထို့အပြင် ဤစီမံကိန်းမှ ဝါးလက်မှုပညာဖြင့် စီးပွားဖြစ်လုပ်ဆောင်မည့် ကျေးလက်နေ အိမ်ထောင်စုများအား ဝါးလက်မှုပညာသင်တန်းများစေလွှတ်ပေးခြင်း၊ မျှစ်တန်ဖိုးမြှင့်ထုတ်လုပ် ခြင်းလုပ်ငန်းစဉ်များတစ်လျှောက်တွင် လိုအပ်သည့်နည်းပညာအကူအညီများ ပံ့ပိုးပေးခြင်း စသည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နေပြည်တော်ကောင်စီ နယ်မြေအနီးတဝိုက်ဒေသများရှိ ဝါးစိုက်ပျိုးထုတ်လုပ်မှုစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေး လက်နေအိမ်ထောင်စုများ၏ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ လာမည့်နှစ်တွင် ဝါးစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၌ စိတ်ပါဝင်စားသည့် တောင်သူများကိုလည်း ပျိုးပင်များအခမဲ့ပေးအပ် သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။