ကျောက်ဆည်စိုက်ပျိုးရေးသုတေသနခြံ၌ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း တောင်သူပညာပေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့တွင် အာရှဒေသ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFACI-PMP) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ကျောက်ဆည်စိုက်ပျိုးရေးသုတေသနခြံတို့ ပူးပေါင်းဆောင်ရွက် သော အခြေခံဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာပေး သင်တန်းကို ၁၄.၂.၂၀၂၃ ရက်နေ့က ကျောက်ဆည်စိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပသည်။
အခမ်းအနားတွင် KOPIA- MYANMAR CENTER ဒါရိုက်တာ မှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသုတေသနဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွှန့်က သင်တန်းကျင်းပရခြင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွန့်က စိုက်ပျိုးပင်များတွင် ကျရောက်တက်သော ဘတ်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းများ သုတေသန အရာရှိ ဒေါ်ယဉ်ယဉ်သိမ့်က ပေါင်းမြက်များ ကာကွယ်ခြင်းအကြောင်းနှင့် သုတေသနအရာရှိဒေါ်သီသီဝင်းက သီးနှံပင်များ ဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်းများကို ပို့ချဆွေးနွေးသည်။
သင်တန်းသို့ စိုက်ပျိုးရေးသုတေသနဝန်ထမ်းများ, စိုက်ပျိုးရေး ဝန်ထမ်းများ, တောင်သူ များ တက်ရောက်ကြပါသည်။