စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ပိုးမွှားသုတေသန

ပိုးမွှားသုတေသနဌာနစုသည် ၁၉၅၄ခုနှစ် စိုက်ပျိုးရေးသုတေသနဗိမာန်အဖြစ် စတင် တည် ထောင်စဉ်က ကိမိလဗေဒဌာနစုအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ်သို့ တိုးမြှင့် ဖွဲ့စည်းပြီးနောက် ပိုးမွှားဌာနစုအနေနှင့်လည်းကောင်းပါဝင်ဖွဲ့စည်းလျက် အောက်ပါသုတေသနလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ

၁။ ပိုးမွှားဒဏ်ခံနိုင်သော သီးနှံမျိုးများရှာဖွေခြင်း

သီးနှံအလိုက် အဓိကကျရောက်သည့် ဖျက်ပိုးများဖြစ်သည့် ဖြုတ်ညို၊ ကျောဖြူဖြုတ်ညို၊ ကြက်သွန်မြိတ်ပိုးနှင့် ဆစ်ပိုးဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုး၊ သီးလုံးဖောက်ပိုးဒဏ်ခံနိုင်ရည်ရှိသော ကုလားပဲမျိုးနှင့် ပဲစဉ်းငုံမျိုး၊ ဖြုတ်ပိုးဒဏ်ခံနိုင်ရည်ရှိသောဝါမျိုး၊ ရွက်လိပ်၊ ရွက်ကပ်ပိုး ဒဏ်ခံနိုင်ရည် ရှိသော မြေပဲမျိုးများ စမ်းသပ်ဖော်ထုတ်လျက်ရှိပါသည်။

၂။ ပိုးမွှားကာကွယ်နှိမ်နင်းနည်းများ စမ်းသပ်ခြင်း

(က) အပင်မှ ရရှိသော သဘာဝပိုးသတ်ဆေး (ပင်လုံးပြန့်ပိုးသတ်ဆေး)၏ သီးနှံဖျက်ပိုးများ အပေါ် အကျိုးသက်ရောမှုကို စမ်းသပ်ခြင်း။

(ခ) သိုလှောင်ပိုး (ပဲမျိုးစုံ ပဲစေ့ထိုးပိုး) ကာကွယ်နှိမ်နင်းနည်းများ စမ်းသပ်ခြင်း။

သီးနှံဗီဇကွဲမျိုးများထိန်းသိမ်းခြင်းနှင့် ဖြန့်ဝေခြင်း(၂၀၁၇၊ မတ်လ)

စဉ် သီးနှံအုပ်စု ထိန်းသိမ်းထားမှု ပြည်တွင်း ပြည်ပ စုစုပေါင်း
စပါး ၇၇၅၇ ၇၈၇၀ ၉၃၂၆ ၁၇၁၉၆
စပါးရိုင်း ၁၈၀ ၁၀၄ ၆၀၀ ၇၀၄
ပဲမျိုးစုံသီးနှံ ၁၅၇၈ ၁၆၈၁ ၈၇၈ ၂၅၅၉
အခြားနှံစားသီးနှံ ၂၂၃၃ ၃၈၀ ၄၇၉ ၈၅၉
ဆီထွက်သီးနှံ ၇၉၇ ၈၀ ၁၁၁ ၁၉၁
ဟင်းသီး ဟင်းရွက် နှင့်အခြား ၁၂၅ ၃၆ ၇၃၅ ၇၇၁
စုစုပေါင်း ၁၂၆၇၀ ၁၀၁၅၁ ၁၂၁၂၉ ၂၂၂၈၀