စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီး၊ ကျောင်းသား /ကျောင်းသူများအား “ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များပေးအပ်ခြင်း

5
6
4
10
11
3
7
9
8
5 6 4 10 11 3 7 9 8

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ရေဆင်းရှိ နဝရတ်ခန်းမတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီး၊ ကျောင်းသူ၊ကျောင်းသားများအား “‌ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များပေး အပ် ခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ် မေလ(၂၇) ရက်က ကျင်းပသည်။

အဆိုပါအခမ်းအနားသို့စိုက်ပျိုးရေးသုတေ သန ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါက်တာ မင်းစံသိန်းနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနစုများမှ တာဝန်ခံများ၊ ၊ ဝန်ထမ်းကျောင်းသားမိဘများ၊ ဝန်ထမ်းသားသမီး ကျောင်း သား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့် အမှာစကား ပြောကြားရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရုံးချုပ်တွင်သာမက တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မိမိတို့၏စိုက်ပျိုးရေးသုတေ သနခြံများတွင်လည်း ဝန်ထမ်းသား သမီးကျောင်း သား ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် အတွက် ပညာသင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းများ အားတက်သရော ဆောင် ရွက်နေ ကြပါကြောင်း၊ ဝန်ထမ်းသားသမီးများ ၏ပညာရေးကို အားပေးသည့် အနေဖြင့် ဝန်ထမ်းသားသမီးများ ပညာသင်ကြားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကျောင်းဝတ်စုံ၊ စာအုပ်၊ခဲတံ၊ ဘောပင် စသဖြင့် ကျောင်းသုံးပစ္စည်းများအား ထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့တွင် နိုင်ငံတော်မှ လူငယ်များ ဗလငါးတန် (ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) ဖွံ့ဖြိုးရေးအတွက် အထူးလေးပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကာလအတွက် လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ ကိုယ်ကာယဖွံ့ဖြိုးရေး၊ အသိဉာဏ် ဖွံ့ဖြိုးရေးနှင့် ဗဟုသုတပြည့်စုံရေး၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အသက် မွေးဝမ်းကျောင်းနှင့် စီးပွားရေးဆိုင်ရာ အသိ အမြင် များ ကျယ်ပြန့်ရေးတို့ကို လူငယ်ဘဝတွင် ပြည့်စုံ အောင် လေ့ကျင့်ဖြည့်ဆည်းပေးနိုင်သည်နှင့်အမျှ အနာဂတ်ကာလတွင် နိုင်ငံက အားကိုး အားထားပြုရမည့် စွမ်းအားစုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

မိမိတို့ဝန်ထမ်းသားသမီးများသည်လည်း ဗလငါးတန် ဖွံ့ဖြိူးပြီးထူးချွန်ထက်မြက်သည့် နိုင်ငံတော် မှ အားကိုးအားထားပြုရမည့်မျိုးဆက်သစ် လူငယ် များဖြစ်စေလိုပါကြောင်း၊ ယခုမျက် မှောက် ခေတ်သည်ပညာခေတ်ဖြစ်ခြင်းကြောင့် နိုင်ငံအတွက် ပညာ တတ် များ စွာလို အပ်ပါကြောင်း၊

မိမိတို့ ဝန်ထမ်းသားသမီး၊ရင်သွေးများအား ပညာသင်ကြားပေးခြင်းဖြင့် အသိညဏ် အတွေး အခေါ် ရှင်သန်၍ မှန်ကန်သော လမ်းကြောင်းတွင်လျှောက်လှမ်းရန် များစွာအထောက်အကူ ပြုကာ နောင်တချိန်တွင် ဘွဲ့ဒီဂရီအလိုက်နှစ်သက်ရာ လုပ်ငန်း ခွင်များတွင် နိုင်ငံတော်အတွက်၊ အများအတွက် အားကိုး အားထား ပြုရမည့် အရေးပါသည့်သူများဖြစ်လာမည်ဖြစ်ပါကြောင်းနှင့် အခက်အခဲရှိသည့် ဝန်ထမ်း သားသမီးများအား ပံ့ပိုးကူညီပေးနိုင်ရေးအတွက် မိမိတို့အနေဖြင့် ပညာရေးငွေပဒေသာပင် တစ်ခုအား လည်း ယမန်နှစ် ကစတင်ကာ စိုက်ထူထားပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ဝန်ထမ်းသားသမီးများအား ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခဲ့ရာ စီမံခန့်ခွဲရေး၊ငွေစာရင်း၊ စီမံကိန်းနှင့်လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲရေးဌာနခွဲ၊ စက်မှုသီးနှံ နှင့်နှစ်ရှည်ပင်များသုတေသနဌာနခွဲ၊ ဉယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲ၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များသုတေသနဌာနခွဲ၊ ယာသီးနှံ သုတေနဌာနခွဲ၊ စိုက်ပျိုးစီးပွား၊စိုက်ပျိုးမွေးမြူရေး စနစ်နှင့် နည်းပညာသုတေသနပြန့်ပွားရေး သုတေသန ဌာနခွဲ၊ မျိုးစေ့ဘဏ်၊ဇီဝနည်းပညာနှင့် သီးနှံ ကာကွယ်ရေးသုတေသနဌာနခွဲ၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ စပါးသီးနှံသုတေသနဌာနခွဲ စသည့် ဌာနခွဲအသီးသီးမှ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူ များအား တာဝန်ရှိသူများမှ ကျောင်းအသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ခဲ့ပါကြောင်း မှတ်တမ်းပြုဖော်ပြအပ်ပါသည်။