(၃၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပခြင်း
၂၀၂၄ခုနှစ် မေလ(၁၁)ရက် က စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ၊ စုဝေးခန်းမတွင် အပတ်စဉ် စနေနေ့တိုင်းကျင်းပမြဲဖြစ်သည့် (၃၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတစ်ရပ်အား ကျင်းပခဲ့သည်။
အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်မှ တက်ရောက်အားပေးခဲ့ပြီး တောင်သူများအနေဖြင့် ယခုအချိန်တွင် မိဘ လက်ထက်များထက် သီးနှံ အထွက်တိုးလာတာတွေ့ရှိရပါကြောင်း၊ ဉပမာ စပါးသီးနှံ တွင် ယခင်က( ၆၀-၆၅တင်)ထွက်ရှိသည် မှ ယခုဆို ၁၀၀-၁၀၀ကျော်ထွက်ရှိကြပါကြောင်း၊တောင်သူများ သီးနှံ အထွက်နှုန်းတိုးတက်ရေးနှင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် သုတေသန-နည်းပညာ ပြန့်ပွားရေးအချိတ်အဆက် မိမိ ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့် အကျိုးရရှိနိုင်မည်ဖြစ်ကြောင်း၊
မူဝါဒ အပိုင်း၊ ပညာရှင်အပိုင်း၊ တောင်သူများ ပေါင်းစပ် ဆောင်ရွက်နိုင်မှု ပိုမိုအားကောင်း လာစေ ရေးမြှင့်တင်ပေးနိုင်ရန်လိုအပ်ပါကြောင်း၊စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်စိုက်ဦးစီးပူးပေါင်းပြီးတောင်သူ များ၏ မြေဆီလွှာချဉ်ငံဓာတ် ၊မြေဆီလွှာ အဟာရဓာတ် များစမ်းသပ် အဖြေရှာ၍ လိုအပ်သည်များ အတွက် သင့်တော်သည့် လမ်းညွှန်မှုများပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး တွန်းအားပေး ဆောင် ရွက်ရန်၊
တောင်သူများ အင်တာနက်အသုံးပြု၍ မိုဘိုင်းဖုန်းအပလီကေးရှင်း များ စနစ်တကျ အသုံးပြု၍ စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ နည်းပညာနှီးနှောဖလှယ်ပွဲများ တက်ရောက်လာနိုင်စေရေး အကူအညီပေးရန်၊တာဝန်ရှိူများအနေဖြင့် တောင်သူများ မဖြစ်မနေ သိရှိရမည့် သတိပေးနှိုးဆော်ချက်များအား ဖုန်းမှ SMS ပေးပို့သည့် ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင် ရေးဆောင် ရွက်သွားကြရန် ၊ လူထုဆက်သွယ်ရေးမီဒီများ အထူးသဖြင် ဒီဂျစ်တယ်မီဒီယာဖြစ်သည့် တို့ မှ တဆင့် Fb page ၊Youtube တို့မှတဆင့် သီးနှံမျိုးများ နှင့်ဆိုင်သည့် တောင်သူများသိသင့်သည့် ဗဟုသုတများ၊ မြေဆီလွှာထိမ်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဆိုင်ရာ၊ အပင် ရေ ပေးသွင်း ခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ ရောဂါ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းများအား ပညာပေးဗီဒီယို မှတ်တမ်း များရိုက်ကူး၍ နည်းပညာဖြန့်ဝေခြင်းများဆောင်ရွက်ပေးနိုင်ရေး ပိုမိုအလေးပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
ယနေ့(၃၄)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ နေကြာသီးနှံ ပန်းတိုင် အထွက်ရရှိရေး နှင့် မျိုးစေ့ထုတ်လုပ်ခြင်း အားဆွေးနွေးသွားမည်ဖြစ်ကြောင်းပညာရှင်များအနေဖြင့် ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်ရာတွင် တစ်ဦးချင်း ပန်းတိုင်အတွက်ရရှိအောင်ဆောင် ရွက်သည်ထက် ရေသာ၊မြေသာရှိသည့် အထွက်နှုန်း ထွက်နိုင်စွမ်းမြင့်သည့် နေရာတွင် ပိုမိုအထွက်ရရှိရေးဆောင်ရွက်ရမည်ဖြစ်သလို အထွက်နှုန်းနည်းသည့်နေရာတွင် အထွက်နှုန်းတင့်တင့်ရရှိ အောင် ဆောင်ရွက်ခြင်းဖြင့် ပျမ်းမျှအထွက် ပန်းတိုင်အထွက်ရရှိနိုင်မည်ဖြစ်ကြောင်းမှာကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာခင်ဇာကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ “ဆီထွက်သီးနှံ(နေကြာ) ပန်းတိုင် အထွက်နှုန်းရရှိရေး စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ နှင့်စပ်လျဉ်း သည့် ဆွေးနွေးတင်ပြချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဒေါ်နန်းပပဝင်း၊ သုတေသနအရာရှိ၊ ဆီထွက်သီးနှံသုတေသနဌာနစု၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ “နေကြာသီးနှံ မျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေး တင်ပြကြရာ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး တောင်သူများမှ သိလိုသည်များ အားမေးမြန်း ဆွေးနွေးမှု အပေါ် ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတောင်သူနည်းပညာဆွေးနွေးပွဲသို့ လယ်ဝေးမြို့နယ်မှ ဖိတ်ကြားထားသော တောင်သူ (၃၀)ဦး၊ ဦးစီးဌာန အသီးသီးမှ ပညာရှင်ဝန်ထမ်း(၆၀)ဦးနှင့် တိုင်နှင့်ပြည်နယ် အသီး သီးမှ Zoom ဖြင့် Online မှ တက်ရောက်သူ (၂၅၀)ဦး၊ စုစုပေါင်း (၃၄၀)ဦး တက်ရာက်ခဲ့ ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။