စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

(၃၈)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို””ကောက်ရိုးမှိုနှင့်ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ခြင်း””ခေါင်းစဉ်ဖြင့် ကျင်းပခြင်း

5
1
3
7
4
2
5 1 3 7 4 2

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတွင် စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲ ကို ဇွန်လ(၁၅) နံနက်ပိုင်းက (၃၈) ကြိမ် မြောက် အဖြစ်ကျင်းရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ ဝန်ထမ်းများ၊ ပုပ္ဗသီရိမြို့နယ် မှ တောင်သူ(၃၇)ဦး ပညာရှင်ဝန်ထမ်း(၇၅)ဦး၊ Zoom ဖြင့်တက်ရောက်သူ(၉၀)ဦး စုစုပေါင်း (၂၀၂)ဦး တက်ရောက်ကြကာ “ကောက်ရိုးမှိုနှင့်ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ခြင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာဉမ္မာခင်နှင့်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးမင်းစိုး ကောက်ရိုးမှိုနှင့်ငွေနှင်းမှို စိုက်ပျိုး ထုတ်လုပ်ခြင်း”ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ဒုတိယဝန်ကြီး မှ မိမိတို့စိုက်ပျိုးရေးပညာရှင်များအနေဖြင့် တောင်သူများနှင့် နီးနီးကပ်ကပ် မထိတွေ့ကမျှကာလပတ်လုံး၊ လယ်သမား ပြသနာက်ုမသိသေးသမျှကာလပတ်လုံး မိမိတို့၏ လုပ်ငန်းတာဝန်နှင့် မျော်မှန်းချက်များ ပေါက်ရောက်မှုရှိမည်မဟုတ်ပါကြောင်း၊အတိတ်ကကျန်ခဲ့တဲ့ကွက်လပ်တွေကိုဖြည့်ပေးရမည်ဖြစ်ကြောင်း၊Zoom ဖြင့်တက်ရောက်နေကြသည့် မြို့နယ်အသီးသီး ရှိ စိုက်ပျိုးပညာ ပေးဝန်ထမ်းများအနေဖြင့် လည်းမိမိ တာဝန်ကျရာကျေးရွာများရှိ တောင်သူကြီးများ၊ ရပ်ိရပ်ဖများ အားအတူနားထောင်ဆွေးနွေးကြရန် ဖိတ်ခေါ် စေလိုပါကြောင်း၊သို့မှသာ တတိုင်းတပြည်လုံးက တောင်သူကြီးများအတွက် နည်းပညာဖြန့်ဝေပေးခြင်းလုပ်ငန်းကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ နည်းပညာဖြန့်ဝေသည်ဆိုရာတွင်လည်း လိုအပ်ချက်ကို အခြခံသည့်နည်းပညာကိုဖြန့်ဝေပေးမှသာလျှင်အကျိုးရှိထိရောက်သည့် နည်းပညာပြန့်ပွားရေးလုပ်ငန်းဖြစ်လာမည်မည်ဖြစ်ပါကြောင်း၊ မှိုနှင့်ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ဟင်ခတ်မှုန့်ပြုလုပါမည်ဆိုပါ မည်သည့်မှို ကအချိုဆုံးဖြစ်ပြီး သင့်တော်ဆုံးဖြစ်သည် ကိုလည်းသိရှိရန်လိုအပ်ကြောင်း၊ ပြောကြားခဲ့ပါသည်။