(၃၆)ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲ အား”အစေ့ထုတ်ပြောင်းသီးနှံ FAW ဖျက်ပိုး ကာကွယ်နှိမ်နင်းနည်း နှင့် တောင်သူပူးပေါင်းမျိုးစေ့ထုတ် လုပ်ခြင်း “ ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း
ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စိုက်ပျိုးရေးဦးစီး ဌာန မျိုးစေ့ဌာနခွဲနှင့် ဒေသခံ တောင်သူများ ပူးပေါင်းဆောင်ရွက် ထားသည့် ဘောင်ကြီးတင်စနစ် အပါအဝင် နှမ်းသီးနှံစိုက်စနစ် လေးမျိုး စမ်းသပ်စိုက်ပျိုးထားရှိမှု၊ နှမ်းနှင့် ပဲတီစိမ်း အကန့်လိုက် စိုက်ပျိုးနည်းစနစ် ဆောင်ရွက် ထားရှိမှုကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းမှ စိုက်ပျိုးနည်းပညာပေး ဝန်ထမ်းများ လာရောက်လေ့လာ ကြသည်။
ထိုသို့ ကြည့်ရှုလေ့လာစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်က နှမ်းမျိုးဗီဇအလိုက် မြေပြုပြင် ထွန်ယက်သည်မှ ပြုစုစောင့် ရှောက်ခြင်း လုပ်ငန်းစဉ်များနှင့် မိုးကြီးစွာ ရွာသွန်းခြင်းကြောင့် နမ်းစိုက်ခင်းများ ပျက်စီးဆုံးရှုံး မှုကို ထိရောက်စွာကာကွယ်နိုင် သည့်ဘောင်ကြီးတင်စိုက်ပျိုးနည်း စနစ်ဆိုင်ရာ ဆောင်ရွက်ဖွယ်ရာ များ၊ ဘောင်ကြီးတင် စိုက်ပျိုး နည်းစနစ်သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရည်ရှိသော စိုက်နည်းစနစ် ဖြစ်မှု၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာနှင့် ကျန်ရှိသည့် မိုးသီးနှံ များတွင် ယင်းစနစ်ကိုကျင့်သုံးလာ စေရေး နည်းပညာပေးရန် လိုအပ် ချက်များကို ဆွေးနွေးပြောကြား သည်။
အဆိုပါ နည်းပညာပေးစံပြ စိုက်ကွင်းတွင် (ဆင်းရတနာ – ၃) နှမ်းမျိုးနှင့် (ဆင်းရတနာ – ၁၄) ပဲတီစိမ်းမျိုးတို့ကို အကန့်လိုက် စိုက်ပျိုးခြင်း၊ ဘောင်ဖော်ပြီး လက်သုံး မျိုးစေ့ချကိရိယာဖြင့် နှမ်းစိုက်ပျိုးခြင်း၊ ထွန်စက်ဖြင့် ဘောင်ဖော်ပြီး စက်ကိရိယာ အသုံးပြု၍ စိုက်ပျိုးခြင်း၊ ကြဲပက် ပြီး ဘောင်ဖော်စိုက်ပျိုးခြင်းနှင့် ဘောင်ဖော်ပြီး ကြဲပက်စိုက်ပျိုး ခြင်း မျိုးစေ့ချစနစ် လေးမျိုးကိုစမ်းသပ်စိုက်ပျိုးထားရာ မေလ နောက်ဆုံးပတ်တွင် မုန်တိုင်းမိုး ရွာသွန်းခဲ့သော်လည်း နှမ်းများ လုံးဝထိခိုက်မှုမရှိဘဲ ရှင်သန် ဖြစ်ထွန်းနေကြောင်း၊ ဘောင်ကြီး တင်စနစ်သည် မိုးများလျှင် ရေထုတ်နိုင်ခြင်း၊ ရေလိုလျှင် အပင်ခြေ ရေမဝပ်အောင် ရေသွင်း ၍ရခြင်း၊ မိုးနည်းပါးသော နေရာ များတွင် မြောင်းအတွင်း ရေလှောင် ထားနိုင်ခြင်း စသည့်အကျိုး ကျေးဇူးရရှိနိုင်သည့်အပြင် အပင် ပြုစု စောင့်ရှောက်ရေးလုပ်ငန်း များကို အလွယ်တကူဆောင်ရွက် နိုင်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၌ ကျင်းပသည့် အစေ့ထုတ် ပြောင်းသီးနှံတွင် (Fall army- worm-FAW) ဖောငမြှောင်တောင် ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်းနှင့် အစေ့ထုတ်ပြောင်းသီးနှံ မျိုးစေ့ ထုတ်လုပ်ရေး လုပ်ငန်းများတွင် တောင်သူများ ပူးပေါင်းဆောင်ရွက် ရန်အခွင့်အလမ်းများ ဆွေးနွေး ပွဲသို့တက်ရောက်၍ ဖောငမြှောင် တောင်ဖျက်ပိုးအပါအဝင် သီးနှံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း ခြင်း၊ သီးနှံအလိုက် စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ များ၊ သီးနှံဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အွန်လိုင်းမီဒီယာများတွင် စနစ် တကျ ရှာဖွေလေ့လာအသုံးပြုနိုင် မှုကို လက်တွေ့အသုံးပြု ပြသ ရှင်းလင်းဆွေးနွေးပြီး၊ တောင်သူနည်းပညာပေး လယ်ယာရုပ်သံများကို လက်ကိုင်ဖုန်းအသုံးပြု ရိုက်ကူးထုတ်လွှင့်ခြင်းအပြင် တောင်သူ တစ်ဦးချင်းထံမှ ကောင်းမွန်သော အလေ့အကျင့် များကို တိုးတက်ပြောင်းလဲလာ သော ခေတ်မီဆက်သွယ်ရေး နည်းပညာများကို ထိထိရောက် ရောက်အသုံးပြုနိုင်ရေး၊ တောင်သူ များ အကျွမ်းတဝင် သုံးစွဲနိုင်စေ ရေးတို့အတွက် စိုက်ပျိုးနည်း ပညာ ဖြန့်ဝေပေးရန် လိုအပ် ကြောင်း မှာကြားသည်။
ဆက်လက်၍ သီးနှံပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းရေး ဆိုင်ရာ ကျွမ်းကျင်သူပညာရှင် များက အစေ့ထုတ်ပြောင်းသီးနှံ တွင် (Fall army worm – FAW) ငမြှောင်တောင်ဖျက်ပိုး ကာကွယ် နှိမ်နင်းနည်းနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ချက်များကို ဆွေးနွေးတင်ပြကြ ပြီးတောင်သူများ၏အတွေ့အကြုံ များတင်ပြခြင်း၊ သိရှိလိုသည်များ မေးမြန်းခြင်းအပေါ် ဒုတိယ ဝန်ကြီးနှင့် ပညာရှင်များက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။