(၂၀၂၄)ခုနှစ်၊ ပြည်ထောင်စုဝန်ကြီးဖလား ဇုန်အလိုက်ဘောလုံး(အမျိုးသား)အားကစားပြိုင်ပွဲ ကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား၊ ဇုန်အလိုက် ဘောလုံး (အမျိုး သား) အားကစားပြိုင်ပွဲကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့မှ(၂၇)ရက်နေ့အထိ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဇုန်အလိုက်ဘောလုံး(အမျိုးသား)အားကစားပြိုင်ပွဲကို (၂၀၂၄)ခုနှစ် ၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်တွင် အားကစားအမျိုး
အစားအလိုက် ပါဝင်ယှဉ် ပြိုင်နိုင်ရန်အတွက် ရည်ရွယ်၍ ဝန်ကြီးဌာနအတွင်း အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်
ရခြင်းဖြစ်ပါသည်။ ၎င်းဘောလုံးအားကစားပွဲကို အမျိုးသားအဆင့်၊ ဝန်ကြီးဌာနအဆင့် အစရှိသဖြင့် ယခင်နှစ်များတွင် ဝန်ကြီးဌာန၏ကိုယ်စား စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဦးဆောင်ကာ ကျင်းပပေးလျက်ရှိပြီး ယခုနှစ်မှာတော့ ဝန်ကြီးဌာနမှဦးစီး၍ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့မှ
စ၍ (၂၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်သော ရုံးအမှတ်(၄၃)၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဦးဆောင်သော ရုံးအမှတ်(၃၆)၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဦးဆောင်သော ရေဆင်းဇုန်၊ ဆည်မြောင်းနှင့်ရေအရင်းအမြစ်အသုံးချရေးဌာနမှ ဦးဆောင်သော ရုံးအမှတ်(၁၅) နှင့် စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်သော ရုံးအမှတ်(၅၀) အသင်းတို့မှ အသီးသီး ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား၊ ဇုန်အလိုက်ဘောလုံး (အမျိုးသား)အားကစားပြိုင်ပွဲကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘောလုံးကွင်း၌ အုပ်စုပတ်လည်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာ နောက်ဆုံးဗိုလ်လုပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်သော ရုံးအမှတ်(၃၆) အသင်းမှ အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။