စိုက်ပျိုးရေးသုတေသနဦးစီးဌာန (၁၀)ကြိမ်မြောက်ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)ရှိ နဝရတ်ခန်းမ၌ စိုက်ပျိုးရေးသုတေနဦးစီးဌာန ဝန်ထမ်းများ၏ (၁၀)ကြိမ်မြောက် ဆန္ဒ ဖော်ထုတ် ပွဲ (ဒါဘာ) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၈) ရက်က ကျင်းပခဲ့ပါသည်။
အဆိုပါ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန မှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (နည်းပညာ) ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(သီးနှံ) နှင့် ညွှန်ကြားရေးမှူးများ၊ သီးနှံသုတေသန ၊နည်းပညာသုတေသန၊ သုတေသနအထောက်အကူပြုဌာနများမှ အရာထမ်း၊ အမှုထမ်း များ တက်ရောက် ခဲ့ကြပါသည်။
အစီအစဉ်အရ စီမံခန့်ခွဲရေး၊ ငွေစာရင်း၊ စီမံ ကိန်း နှင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲရေး ဌာနခွဲမှညွှန်ကြားရေးမှူးက ယခင်အပတ် ဝန်ထမ်းများ ဆန္ဒ ဖော်ထုတ်ပွဲ (ဒါဘာ)တွင် တင်ပြခဲ့ကြသည့် အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက် လျက်ရှိသည် များအား ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက် လာကြသည့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန မိသားစုဝင်များဖြစ်ကြသည့် ဝန်ထမ်းများအား ရေ၊မီး နှင့် လုပ်ငန်းခွင်စသည့် တို့မှအစပြု၍ နေထိုင်ရေး အပါအဝင် မိမိတို့နှင့်ဆိုင်သည့် အခက် အခဲများ ၊ အများနှင့် ဆိုင်သည့်အခက်အခဲများကို ပွင့်လင်းစွာ ပြောကြားပေးစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် မှတ်တမ်းတင်ထား၍ လိုအပ်ချက်များ၊ အခက်အခဲများ၏ အခြေအနေများကို ဦးစားပေး အစီအစဉ်များ အလိုက် ဖြည့် ဆည်း ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆန္ဒ ဖော်ထုတ်ပွဲ (ဒါဘာ) သို့ တက်ရောက်လာကြသည့် ဌာနခွဲ(၉)ခုမှ ဝန်ထမ်းများက မိမိတို့နှင့် ပတ်သက်သည့်လိုအပ်ချက်များအားလည်းကောင်း၊ အများ နှင့် ဆိုင်သည့် လိုအပ်ချက်များအားလည်းကောင်း၊ အသီးသီး တင်ပြခဲ့ကြပါကြောင်းနှင့် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဝန်ထမ်းများ၏ တင်ပြဆွေးနွေးမှုများ အပေါ် ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ကာ အခမ်းအနား အားရုတ် သိမ်းခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။