မီးဘေးကာကွယ်ရေးစီမံချက်အစည်းအဝေးကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ နဝရတ်ခန်းမတွင် မီးဘေးကာကွယ် ရေးစီမံချက် အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၇)ရက် ညနေပိုင်းက ကျင်းပခဲ့ပါ သည်။
အဆိုပါ မီးဘေး ကာကွယ်ရေးစီမံချက် အစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြ ပါသည်။
မီးဘေးကာကွယ်ရေး စီမံချက်အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ မီးဘေးကာကွယ်ရေးနှင့် လုံခြုံရေး စီမံချက်လုပ်ငန်းအတွက် လမ်းညွှန် ပြောကြားရာတွင် အဓိကအားဖြင့် အဆိုပါ စီမံချက်အား ပြီးခဲ့သော လကပင် ရေးဆွဲခဲ့ကြခြင်း ဖြစ်ပါ ကြောင်း၊ အဆိုပါ စီမံချက်အား အများသိအောင် ဖြန့်ဝေရမည် ဖြစ်ပါကြောင်း၊ မီးလောင်မှု မဖြစ်ပွားစေရန် ဘက်စုံ၊ ထောင့်စုံမှ ကြိုတင်စီမံဆောင်ရွက်ထားရမည်ဖြစ်ပါ ကြောင်း ၊ အကယ်၍ မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပါက မည်ကဲ့သို့ ဆောင်ရွက် ရမည်ကို ကြိုတင်စီစဉ်ထားရန် လိုအပ်ပါကြောင်း၊ ရုံး၊ ကွင်း၊ အိမ် မီးလောင်နိုင်သော အကြောင်းတရား များဖြစ်သည့် ဝါယာရှော့ မဖြစ်ပေါ်စေရေး သတိထားရမည်ဖြစ်သလို ရှို့မီး၊ ပေါ့ဆမီးများကို လည်း သတိထားကာ မိမိနေအိမ် မီး ပိတ်/ မပိတ် အားလည်း နေ့စဉ် ပြန်လည် စစ်ဆေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိ နေအိမ်၊ ရုံးများအတွက် မီးချိတ်/ မီးကပ်၊ သဲအိတ်၊ ရေအိတ်များကို ပြင်ဆင်ထားရမည်ဖြစ်သလို ဌာန၏တာဝန်ရှိသူများ အနေဖြင့်လည်း မီးသတ်ကားနှင့်အရံမီးသတ်အင်အားထပ်မံ ဖြည့်ထားရမည်ဖြစ်ပြီး ကြက်ခြေနီ၊ မီးသတ်ဆေးဘူး များကို ပြင်ဆင်ထားရမည်ဖြစ်ကာ မီးသတ်ဦးစီးဌာနနှင့် ချိတ်ဆက်ထားရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ မီးဘေးကာကွယ်ရေး စီမံချက်ပါ အချက်များကို လိုက်နာရမည်ဖြစ်ကာ လိုက်နာနိုင်အောင် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ မီးဘေးအတွက် ရေသည် အဓိကဖြစ်သည့်အတွက် ရေနှင့်သက်ဆိုင်သော လုပ်ငန်းများမှ ဝန်ထမ်းများ ရေရရှိ အောင် အဆင်သင့် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်များတွင် မီးဘေးကာကွယ်ရေးအတွက် အားလုံးပူးပေါင်း၍ ဝိုင်းဝန်းကာကွယ်ဆောင်ရွက်မှသာ မီးဘေး လုံးခြုံရေးအတွက် စိတ်ချရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း မီးဘေး ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် လိုသလိုပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းနှင့် လိုအပ်သည်များအား တင်ပြပေးရန်ကိုလည်း ပြောကြားခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ် ပါသည်။