စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသန စီမံကိန်းများမှ သုတေသနရလာဒ်များအား တင်ပြဆွေးနွေးခြင်း ဒုတိယရက်အဖြစ်ဆက်လက်ကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ နဝရတ်ခန်းမတွင် စိုက်ပျိုးရေး သုတေသနဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသန စီမံကိန်းများမှ သုတေသနရလာဒ်များအား တင်ပြဆွေးနွေးခြင်း ဒုတိယရက် အဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သုတေသနရလာဒ်များ တင်ပြဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသန စီမံကိန်းများမှ သုတေသနရလာဒ်များအား ဒုတိယရက်အဖြစ် ဌာနခွဲအသီးသီးမှတင်ပြဆွေးနွေးကြရာ
စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်းအမြစ်များ သုတေသနဌာနခွဲ
မြေဆီလွှာသိပ္ပံသုတေသနဌာနစုမှ နုန်းဆန်သောသဲမြေတွင် စိုက်ပျိုးသော ခရမ်းချဉ်သီးနှံတွင် ဘိုရွန်ဓာတ် မြေဩဇာများ ထည့်သွင်းပေးခြင်းဖြင့် အထွက်နှုန်း၊အရည်အသွေး နှင့် ဘိုရွန်အာဟာရဓာတ်ပါဝင်မှုအပေါ်အကျိုးသက်ရောက်မှုကို လေ့လာခြင်း အားလည်းကောင်း၊
ရေအသုံးချရေးသုတေသနဌာနစုမှ ထုတ်ဝေပြီး စပါးမျိုးများ၏ အထွက်နှုန်းနှင့် အမြစ် သိပ်သည်းဆအခြေ အနေအား လေ့လာရန် အာဟာရပျော်ရည်ပေး၍ စမ်းသပ်စိုက်ပျိုး ခြင်းအား လည်းကောင်း
စိုက်ပျိုးရေးအဏုဇီဝသိပ္ပံသုတေသနဌာနစုမှ အကျိုးပြုစွမ်းအားကောင်းသော Native Trichoderma မျိုးကွဲများ ရှာဖွေဖော်ထုတ်ခြင်း အားလည်းကောင်း
စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များလေ့လာရေးဌာနစုမှ စပါးသားတက်ဆင့်ပွား စိုက်ပျိုး နည်းပညာဖြင့် ထုတ်ဝေပြီးစပါးမျိုး တို့၏ အထွက်နှုန်းအပေါ် ရိတ်သိမ်းနည်းစနစ် နှစ်မျိုး၏အကျိုးသက် ရောက်မှုအား စမ်းသပ် ခြင်း အားလည်းကောင်း၊
မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ် ရေးသုတေသနဌာနခွဲ
မျိုးစေ့ဘဏ်ဌာနစုမှ ဘူးဗီဇကွဲမျိုးများ၏ အရည်အချင်းနှင့်အရည်အသွေးလက္ခဏာများ အား လေ့လာခြင်းအားလည်းကောင်း၊
ဇီဝနည်းပညာသုတေသနဌာနစုမှသက်တမ်းတို ဆင်းသုခ မျိုးသစ်အားလည်းကောင်း၊
အပင်ရောဂါသုတေသနဌာနစု သံချေးရောဂါ ဒဏ်ခံနိုင်ရည်ရှိသော မျိုးများရှာဖွေရန် ဓါတ်ခွဲခန်းတွင် ရောဂါ ထိုးသွင်း စမ်းသပ် ခြင်းနည်းလမ်းအသုံးပြု၍ ပဲပုပ်သံချေးရောဂါ ခံနိုင်ရည် ရှိမျိုးများ ရှာဖွေခြင်း အား လည်းကောင်း၊
ဒေသသုတေသနဗဟိုဌာန (အောင်ပန်း)မှ သက်လျင်၍ အထွက်နှုန်းသင့်တင့်ပြီး စားသုံးမှု သင့်သောရေငတ်ခံ တောင်ပေါ်ယာစပါးမျိုးသစ် (IR-82635-B-B-75-2) အားလည်းကောင်း၊
စိုက်ပျိုးစီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ် နှင့် နည်းပညာပြန့်ပွားရေးသုတေသန ဌာနခွဲ
သတင်းအချက်အလက်နည်းပညာနှင့်သုတေသနနည်းပညာပြန့်ပွားရေးဌာနစုမှမီဒီယာ အားဖြင့် စိုက်ပျိုးရေး ကဏ္ဍအား မြှင့်တင်ခြင်း အားလည်းကောင်း၊
ရိတ်သိမ်းချိန်လွန် နည်းပညာ နှင့် အစားအစာသိပ္ပံ သုတေသနဌာနခွဲ
ရိတ်သိမ်းချိန်လွန်နည်းပညာသုတေသနဌာနစုမှ ထောပတ်သီးမျိုးများ၏ မှန်ကန်သော ရိတ်သိမ်းချိန် (Maturity Index) ရှာဖွေဖော်ထုတ်ခြင်းအားလည်းကောင်း၊
အစားအစာသိပ္ပံနှင့် အာဟာရဆိုင်ရာသုတေသနဌာနစုမှနှံစားသီးနှံနှင့် ပဲမျိုးစုံသီးနှံတို့ကို ပေါင်းစပ်၍အာဟာရ ပြည့်ဝသော အစား အစာများ သုတေသန ပြုလုပ်ခြင်းအားလည်း ကောင်း အသီး သီး တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ မှ သုတေသနစီမံကိန်း(Projects)များမှ သုတေသနရလာဒ် (မျိုးသစ်/ နည်းပညာသစ်)များအပေါ် ဝိုင်းဝန်းဆွေးနွေး သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ နိဂုံးချုပ် အမှာစကား ပြောကြားရာ သုတေသန များကို စတင် အကောင် အထည်ဖော် ချိန်မှစတင်ကာ သုတေသနဌာနခွဲ အသီးသီး၏သက်ဆိုင်ရာ ညွှန်ကြားရေးမှူး အဆင့်များမှ သုတေသန၏ ရှင်းလင်းတိကျ သည့် ပန်းတိုင်၊ မျှော်မှန်းချက် ဖော်ပြထားရှိမှု၊ သုတေသနတွင် အသုံးပြုမည့် နည်းလမ်း၊ ချဉ်းကပ်မှုများအပေါ် လမ်းညွှန်မှုပေးခြင်း၊
သုတေသန၏ updates အခြေအနေနှင့် တုံ့ပြန်မှုများအားပုံမှန် စစ်ဆေးသွား ရမည်ဖြစ်သလို သုတေသီများ၏ သုတေသနအပေါ် လွတ်လပ်စွာ ဆုံးဖြတ် ချက်များချနိုင်ရန် နှင့် လိုအပ်သော အရင်းအမြစ်လိုအပ်ချက်များကိုလည်း ကူညီပေးရမည်ဖြစ်ပါကြောင်း၊ ညွှန်ကြားရေးမှူးများမှ ဦးဆောင်၍ ဌာနခွဲအလိုက် သုတေသနစီမံကိန်း တစ်ခုချင်းအား Technical meetings များ Discussion များပြုလုပ်ရန် လမ်းညွှန်ဦးဆောင်ကာ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊
သုတေသီများဘက်မှ လည်း တိုးတက်မှုနှင့် စိန်ခေါ်မှုများ အားရှင်းလင်းစွာပြောပြပေးခြင်း၊သုတေသန၏ တုံ့ပြန်မှုများ ကိုတက်ကြွစွာ ရှာဖွေခြင်းနှင့် လိုအပ်သလိုဦးဆောင် ဆောင်ရွက်ခြင်း၊
အချိန်မှီ ပြီးစီးအောင် သတ် မှတ်ချိန်တွင် ပြီးဆုံး အောင်ဆောင်ရွက်ခြင်း ၊ ကြုံတွေ့ရသည့် စိတ်ခေါ်မှုများအားဖြေရှင်းနိုင်စွမ်း၊ သုတေသ န၏ အရည် အသွေးနှင့် ခိုင်မာမှုကိုဦးစားပေးကာ တစိုက်မတ် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊
သို့မှသာ ပိုမို ကောင်းမွန် မည့် ခိုင်မာသည့် သုတေသနရလာဒ်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။