စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသန စီမံကိန်းများမှ သုတေသနရလာဒ်များအား တင်ပြဆွေးနွေးခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ နဝရတ်ခန်းမတွင် စိုက်ပျိုးရေး သုတေသနဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသန စီမံကိန်းများမှ သုတေသနရလာဒ်များအား တင်ပြဆွေးနွေးခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သုတေသနရလာဒ်များ တင်ပြဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း မှ အဖွင့် အမှာစကား ပြောကြားရာ မိမိတို့ဌာန၏ ပညာ ရှင် သုတေသီများအနေဖြင့် သုတေသနလုပ် ငန်းများအား သေချာ ဆောင်ရွက်၍ နှစ်စဉ် သုတေ သနရလာဒ်ကောင်းများရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ သုတေသနဆောင်ရွက်ရာတွင် သုတေသန စတင်ဆောင်ရွက်သည်မှ စာ တမ်း တစ်စောင် ထွက်ရှိသည်အထိ အဆင့်ဆင့်တွင် အသေးစိတ်ကြည့်ရှု၍ ကြီးကြပ် ကွပ်ကဲရမည်ဖြစ်ပါ ကြောင်း၊ ဆန်းသစ်သည့် တီထွင်ဖန်တီးဉာဏ်များဖြင့် တွေးတော ကြံဆ အကောင် အထည်ဖော်ခြင်းများလည်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သုတေသီ ဆိုသည်မှာ သူတို့ရဲ့ လုပ်ငန်းများသာမက စိတ်ခံစားမှု၊ ခံယူချက်များသည် လွန်စွာ အရေးကြီး ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ တန်ဖိုးထားမှုများသည် မတူညီကြပါ ကြောင်း၊ တာဝန်ရှိသူများမှ တစ်ဦးချင်းစီ၏ တန် ဖိုး ထားမှုအလိုက် သင့်တော်သည့် မြှင့်တင်မှုများ ဆောင်ရွက်ပေး၍ မိမိတို့ဌာန၏ လုပ်ငန်းတာဝန် မျှော်မှန်းချက်၊ ရည်ရွယ်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသနစီမံကိန်းများမှ သုတေသနရလာဒ်များအားတင်ပြဆွေးနွေး ကြရာ
စက်မှုသီးနှံနှင့် နှစ်ရှည်ပင်များသုတေသနဌာန ခွဲ၊
မြစ်သားစိုက်ပျိုးရေးသုတေသနခြံ၊ မှ ချည်မျှင်ရှည်ဝါသီးနှံတွင် ဆိုးရွားစွာကျရောက် ဖျက် ဆီး တက်သော စုပ်စားပိုးများအပေါ် ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်မည့် သဘာဝပိုး သတ် ဆေး များ၏အကျိုးထိရောက်မှုကို လေ့လာခြင်းအားလည်းကောင်း၊
ဉယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ ကျောက်တံတားစိုက်ပျိုးရေးသုတေသနခြံ Net House ပြုလုပ်စိုက်ပျိုးခြင်းဖြင့် ခရမ်းချဉ်မျိုးများအလိုက်အပင်ဖြစ် ထွန်းမှုနှင့် အထွက် နှုန်းများကို လေ့လာ ခြင်းအားလည်းကောင်း၊
စပါးသီးနှံသုတေသနဌာနခွဲ
စပါးသီးနှံသုတေသနဗဟိုဌာနမှ အထွက်နှုန်း ကောင်းသော ရေမြှပ် ခံကောက်ညှင်း စပါးမျိုးသစ်(TDK1-Sub1)၊ တိုက်ရိုက်အစေ့ချ စိုက်ခင်းများ အတွက် အထွက် နှုန်းကောင်း သောရေလွှမ်း ခံစပါးမျိုးသစ် (IR14D175)၊ မြေ ပြန့်ယာစပါးမျိုးသစ် (UPLRi-5)တို့အား လည်း ကောင်း၊
စပ်မျိုးစပါးသုတေသနဗဟိုဌာန မှ စပ်မျိုးစပါးမျိုးသစ် YHRRCH – 08၊ စပ်မျိုးစပါးမျိုးသစ် YHRRCH-09၊ စပ်မျိုးစပါးမျိုးသစ် YHRRCH-43တို့အားလည်းကောင်း၊
ယာသီးနှံသုတေသနဌာနခွဲ၊
ဆီထွက်သီးနှံ သုတေသနဌာနစု မှအလားအလာကောင်းသော သက်လျင်မြေပဲမျိုး (YZG-18002)၊အလားအလာကောင်းသော သက်လတ်မြေပဲမျိုး (ICGV-14303)၊အလားအလာကောင်း နှမ်းနက်မျိုး (YSS-05008)တို့အားလည်းကောင်း၊
ပဲမျိုးစုံသီးနှံသုတေသနဌာနစု မှ အဝါရောင်မိုစေ့ ရောဂါ ဒဏ် ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးသစ်-AVMU 1688 (ရေဆင်း-၁၇)၊ အထွက်နှုန်းကောင်းသော ပဲပုပ်မျိုးသစ် (S15-12742)တို့အားလည်းကောင်း၊
အခြား နှံစားသီး နှံသုတေသနဌာနစုမှ အရိုးထွက်နှင့်အစေ့ထွက် ကောင်းသော သဘာဝ ဝတ်မှုန် ကူး အစေ့ကြီးမျိုး -S-35 ( နှံစားပြောင်း)၊ အစေ့ထွက်ရာနှုန်း ကောင်းမွန်၍ အစေ့ အရောင်လှပသည့်သက်လတ် အထွက်ကောင်း စပ်မျိူးပြောင်း- မျိုးအမှတ် ၀၅/၂၀၂၃ (YZSI 21-028 xYZCI 16-038)တို့အားလည်းကောင်း၊
ဒေသသု တေသန ဗဟိုဌာန(မကွေး) မှဒေသနှင့်သင့်တော်သော အထွက် ကောင်း နှမ်းဖြူမျိုးသစ်(၃)မျိုး ဖြစ်သည့် MSS-17001၊ MSS-17002၊MSS-17003 မျိုးများနှင့် မြေပဲမျိုးသစ်(၂) မျိုးဖြစ်သည့် M-14007၊M-15003 တို့အားလည်းကောင်း၊
ဒေသသုတေသနဗဟိုဌာန (ဇလုပ်)မှကုလားပဲ (အနီမျိုး) ZCHL-1803၊ ကုလားပဲ(အနီမျိုး) ZCHL-1302 ၊ ဂျုံ(အနီမျိုး) 26th SAWYT-23 မျိုးများအား လည်းကောင်း၊
စီပင်စိုက်ပျိုးရေးသုတေသနခြံ ရာသီမရွေး စိုက်ပျိုးနိုင်သော အဝါရောင်မိုစေ့ ရောဂါဒဏ်ခံ အစေ့အရောင်မွဲသည့် ဈေးကွက်ဝင် မတ်ပဲမျိုး (စီပင်-၁)မျိုးအားလည်းကောင်း
ပထမနေ့ အစီအစဉ်အဖြစ် တင်ပြဆွေး နွေးခဲ့ပါကြောင်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန် ကြားရေး မှူးချုပ်များနှင့် သက်ဆိုင်ရာ ညွှန်ကြား ရေးမှူး များမှ လိုအပ်သည်များအား ဖြည့်စွက် ဆွေးနွေး ပေးခဲ့ပါကြောင်း သတင်း မှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။