စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ပဲမျိုးစုံသီးနှံ ဈေးကွက် အလားအလာနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ အကြောင်း ဆွေးနွေးပွဲကျင်းပခြင်း

1
5
4
2
3
1 5 4 2 3

၂၀၂၃ခုနှစ် ဒီဇင်ဘာ(၃၀)ရက် က(၂၀)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမတွင် “ပဲမျိုးစုံသီးနှံ ဈေးကွက် အလားအလာနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါ တောင်သူနည်းပညာဆွေးနွေးပွဲ သို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန မှညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေ သီ ပညာရှင်များ၊ စိုက်ပျိုး ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေမှ မြို့နယ်ဦးစီး အရာရှိ များနှင့် စိုက်ပျိုးရေး ပညာရှင်များ၊ ဖိတ် ကြား ထားသော နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်မှ တောင်သူ (၅၀)ဦး စုစုပေါင်း (၁၂၆)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာစိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိင်ကြည်ဝင်းမှတောင် သူများ၏နည်းပညာလိုအပ်ချက်အပေါ်မူတည်ပြီး အပတ်စဉ်အလိုက် တောင် သူ နည်းပညာဆွေးနွေးပွဲများဆောင်ရွက်လာသည်မှာ အကြိမ် (၂၀)တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသန ပညာရှင်များ အနေဖြင့်လည်း မိမိတို့၏ သုတေသနတွေ့ ရှိချက် များကို ပြန်လည်ဖြန့်ဝေပေးလျက်ရှိသလို စိုက်ပျိုးရေးပညာပေး ဝန်ထမ်းများ အနေဖြင့် အတွေ့အကြုံနှင့် တည်ရှိနေသည့် နည်းပညာ များအား ပေါင်းစပ်ကာဆွေးနွေး ပေးလျက်ရှိပါကြောင်း၊ ပညာရှင်များအနေဖြင့်လည်း တောင်သူများတွင်ရှိသည့် မိရိုးဖလာ ဗဟုသုတ များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ နည်းပညာ အသစ်များ နှင့် နှိုင်းယှဉ်၍ ကွာခြားချက်များ အပေါ်တွင်လည်းသေချာဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးရန် လိုအပ် ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း မိမိတို့၏ပေးရသည့်အချိန် နှင့် တန်ဖိုးညီအောင် သေချာမှတ်သားလေ့လာခြင်း ၊အပြန် အလှန် ဆွေးနွေးခြင်းများဆောင် ရွက်ကာ မိမိတို့ သိရှိ သည့် မိရိုးဖလာနှင့် လုပ်ကိုင်ရင်းရရှိထားသော အသိပညာ ဗဟုသုတများအား လည်း ပြန်လည်မျှဝေစေလိုပါကြောင်း၊ တောင် သူများ အားအထူးမှာကြားလိုသည်မှာ ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်မျိုး ထွက်ရှိ ရေး ကဲ့သို့ သော နမူနာပြ ဆောင်ရွက်ရေး အစု အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်း၍ ဈေးကွက်တွင် မိမိတို့ ထုတ်ကုန်များ တိုးတက်အောင်မြင်ရေး ဆောင်ရွက်မည်ဆိုပါက မိမိတို့ တောင်သူများအမှန် တကယ် အကျိုး အမြတ်ရှိ ၍ ချမ်းသာနိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံ တကာတွင် ဆောင်ရွက် လျက် ရှိသည့် အစုအဖွဲ့များဖွဲ့၍ ဆောင်ရွက်နေမှုများအား ဗဟုသုတဖြစ်ဖွယ် မျှဝေ ပေးခဲ့ပါသည်။

သုတေသနပညာရှင် ၊ တောင်သူနှင့် ပညာပေးဝန်ထမ်းတို့ တွဲလက်ညီစွာ ဖြင့် ဆောင်ရွက် သွားမှသာလျှင် မိမိတို့နိုင်ငံ စိုက်ပျိုးရေးကဏ္ဍကြီးအားမြှင့်တင်နိုင်၍ တောင် သူများ လူမှု ဘဝများ မြင့်မားကာ ဝင်ငွေတိုးတက်ရရှိရေးကို အကျိုးရှိထိရောက်စွာဆောင် ရွက်သွား နိုင်မည်ဖြစ်ပါကြောင်း၊ မျိုး၊မြေ၊ရေနှင့် နည်းပညာဆိုင်ရာ ပတ်သက်သော ပြဿနာများကိုဖြေရှင်းသွားနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်တစ်ဦးမှ ပဲမျိုးစုံ သီးနှံ ဈေးကွက် အလားအလာ အကြောင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စိုက်ပျိုး ရေး သုတေသန ဦးစီး ဌာနမှ ပညာရှင်တစ်ဦးမှ ပဲမျိုးစုံ သီးနှံ တန်ဖိုးမြှင့်ထုတ်ကုန် များနှင့် စပ်လျဉ်း ၍ လည်း ကောင်း လက်ရှိသုတေသနပြုဆောင်ရွက် နေမှုများအား ရှင်းလင်းဆွေးနွေး ခဲ့ကြရာ တောင်သူ များမှ သိရှိလိုသည်များအား အပြန် အလှန် မေးမြန်း ဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် တန်ဖိုးမြှင့် ထုတ်ကုန်များအား လေ့လာ ကြည့်ရှု ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။