စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊ ဒီဇင်ဘာလ (စတုတ္ထပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲတွင် ဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခြင်း
ဝန်ထမ်းမိသားစုများ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း) တွင် ဒီဇင်ဘာလ(စတုတ္ထပတ်) လူထုလှုပ်ရှားအားကစားလှုပ်ရှားမှုအဖြစ် လူထု လမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသည့် ဝန်ထမ်းမိသားစုဝင်များ က စီမံခန့်ခွဲရေးရုံး စုရပ်မှစတင်ပြီး လမ်းလျှောက် ထွက်ခွာခဲ့ရာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဂိတ်ပေါက် သို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။ ထို့နောက် စုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး စုပေါင်း ကိုယ်လက် လေ့ကျင့်ခန်းများ ပြုလုပ်ရာ နဝရတ် ခန်းမရှေ့ တွင် စုပေါင်း ကိုယ်လက် လေ့ကျင့်ခန်းများအား သရုပ်ပြသပေးခဲ့ရာ လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွှဲကြသူများက လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ဦးဆောင်၍ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းမိသားစုများက ပျော်ပျော်ပါးပါး စုပေါင်း ပါဝင်ဆင်နွှဲခဲ့ကြပြီးလမ်းလျှောက်လာသူများအား ကောက်ညှင်းပေါင်း၊ အကြော်များဖြင့်ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။